မကျဆုံးခင်ကတည်းက ကြိုတင်ရေးသားထားခဲ့တဲ့ ဒေါက်တာသီဟတင်ထွန်းရဲ့သေတမ်းစာ

144

လက်ရှိအချိန်ထိအသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲမှာ နိုင်ငံအတွက်အားကိုးအားထားပြုလို့ရတဲ့ ပညာတတ်လူငယ်လေးတွေလည်း အ များအပြားပါဝင်နေတာဖြစ်ပါ တယ်။မိဘေ တွအနေနဲ့လ ည်း မိမိတို့ကျွေးမွေးပြုစုစောင့်ရှောက်လာရတဲ့ အဖိုးတန်သားသ မီးေ လးတွေကို ဆုံး ရှုံးလိုက်ရလို့ ရင်ကွဲမတတ်ဖြစ်နေကြတာဖြစ်ပါတယ်။(၂၇.၃.၂၀၂၁)ရက်နေ့ကဆိုရင်တော့ ဆရာဝန်တစ်ေ ယာက် ဖြစ် တဲ့ ကိုသီဟတင်ထွန်း က လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းက ပြင်ဦးလွင်ဆေးရုံမှာ လက်ထောက်ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ အသက်ပေါင်းများစွာကိုကယ်တင်ေ ပး နေ တဲ့ ဒေါက်တာသီဟတင်ထွန်းကျဆုံးသွားတဲ့အတွက် ပြည်သူတွေကလည်း နှမျောတသဖြစ်ပြီး ယူကြုံးမရဖြ စ်နေကြတာ ဖြစ် ပါတယ်။ ဒေါက်တာသီဟတင်ထွန်းရဲ့မိခင်ကတော့ သားလေးအတွက် ဂုဏ်ယူနေပြီး “စိတ်ကိုပိုင်းဖြတ်ထားလိုက်ပါပြီ နိုင်မယ့် အချိန်ကို စောင့် နေပါ တယ်”လို့လည်း သားရဲ့အသိ၊မိတ်ဆွေတွေကိုမှာလိုက်သေးတာဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းကလည်း အသက်ကိုစွန့်လွှတ်ပြီးလမ်းပေါ်ထွက်နေတာကြောင့် သူမကျဆုံးခင်ကတည်း က သေတမ်း စာ ကို ကြို တင် ရေးသား ထားခဲ့တာဖြစ်ပါတယ်။သေတမ်းစာထဲမှာ သူတစ်ခုခုဖြစ်ခဲ့ရင် “ကျွန်တော့်ကို ဂုဏ်ယူပါ၊အကြာကြီး စိ တ်မဆင်းရဲပါနဲ့”ဆိုပြီး မိခင် ကိုမှာခဲ့ သလို့ ချစ်သူအတွက် လည်း ဒီလိုမျိုးအရင်သွားနှင့်ခဲ့လို့ အားနာေ နတဲ့အကြော င်းကို စာထဲမှာေ ရးသားထားတာဖြစ် ပါတယ်။ နောက်ဆုံးအနေနဲ့ အတူတူရင်ဆိုင်ခဲ့ကြတဲ့ ပြည်သူတွေကိုလည်း မလျော့သောဇွဲနဲ့ဆက်လက် ရင်ဆိုင် သွား ဖို့ မှာခဲ့တဲ့ သေတမ်း စာစာရွက် လေး ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here