ဘီးလင်းက ကြံ့ခိုင်ရေးအမတ်လောင်း ဦးဆန်းထွန်းဦး သေနတ်နဲ့ပစ်သတ်ခံရ

138

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာမှာနေထိုင်နေတဲ့ကြံ့ခိုင်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦး ဟာ ယမန်နေ့ညပိုင်းကသေနတ်နဲ အပစ်ခံရပြီးသေဆုံးသွားတယ်လို့သိရှိရပါတယ်။

“မနေ့ည ၈ နာရီဝန်းကျင်လောက်က အသတ်ခံရတာဗျ။ ကျည် ၄ ချက်ထိတယ်။ ခေါင်းကိုချည်း ရွေးပစ်တာ။ ပစ်သွားတဲ့သူလည်း မသိဘူး” ဟုဘီလင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် ဦးဆန်းထွန်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here