ဘဝမှာ ပထမဦးဆုံး အမှတ်တရ ဖြစ်ခဲ့ရတဲ့ အမွန်မြတ်ဆုံးသော အရာလေး တစ်ခုကို မွေးနေ့မှာ ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာ ပီတိဖြစ်နေတဲ့ ခရစ္စတီးနား

128

ရိုးရှင်းတဲ့အလှကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်တဲ့ ခရစ္စတီးနားကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေများစွာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့ကတော့ ခရစ္စတီးနားရဲ့ မွေးနေ့ ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ မွေးနေ့မှာ ချစ်ရတဲ့ ပရိသတ်တွေ နဲ့ မိတ်ဆွေတွေက ဆုမွန်ကောင်းတွေ များစွာ တောင်းပေးထားကြပါတယ် ။ ခရစ္စတီးနားကလည်း မွေးနေ့မှာ ကောင်းမှု ကုသိုလ်တွေ လုပ်ရင်း ဖြတ်သန်းခဲ့ပုံကို ခုလိုဖော်ပြလာပါတယ် ။

ဒါကတော့ မွေးနေ့အမှတ်တရတွေထဲက ဘဝမှာအမှတ်တရဖြစ်စေသော ပထမဆုံးသွေးလှူဖြစ်ခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ သွေးလှူဒါန်းနေတဲ့ ပုံရိပ်တွေကိုလည်း ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးရင်း မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here