ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ ေက်းဇူးေၾကာင့္ ကိုဗစ္မွ ျပန္လည္သက္သာလာတဲ့ အဖိုးအို

434

ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ ေက်းဇူးေၾကာင့္ကိုဗစ္မွ ျပန္လည္သက္သာလာတဲ့ အဖိုးအို။

ၿပီးခဲ့တဲ့တစ္ပတ္ေလာက္က ရထားလမ္းေဘးမွာ ေနတဲ့ ရပ္ကြက္က်ဴးတဲက ခင္မင္ရတဲ့အဘ တစ္ေယာက္ ကိုဗစ္ျဖစ္တယ္။

ေသြးတိုး ဆီးခ်ိဳကလည္းရွိ ပန္းနာရင္ၾကပ္ကလည္းရွိေတာ့ ဒီေတာင္ကိုမေက်ာ္ႏိုင္ဘူးလို႔ အားလုံးက တြက္ထားၾကတယ္။

ေအာက္စီဂ်င္ လယ္ဗယ္ 30 ေလာက္ထိေရာက္ခ်ိန္ ကြၽန္ေတာ္တို႔ ပရဟိတက စီစဥ္ေပးတဲ့ 40L တစ္အိုး Ensure တစ္ဘူးနဲ႔ ၾကက္ဥ အလုံးသုံးဆယ္ လႉေပးခဲ့တယ္။

ကိုယ္ကလည္း ဘာမွမလုပ္တတ္ေတာ့ သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္ေလး မွာ သက္ေတာင့္သက္သာေလး သြားဖို႔ ေအာက္စီဂ်င္အိုး ငွားေပးတာကလြဲလို႔ ဘာမွမလုပ္ေပးႏိုင္ခဲ့ဘူး။

အဲဒါနဲ႔ 24 နာရီကိုေက်ာ္လြန္ၿပီးခ်ိန္ ေအာက္စီဂ်င္အိုး သြားျပန္သိမ္းေတာ့ အဲ့အဘက သက္သာၿပီ ေအာက္စီဂ်င္မရႈရပါပဲ ေအာက္စီဂ်င္ လယ္ဗယ္ 90ေက်ာ္ျပန္တက္ေနေတာ့ ဝမ္းသာလိုက္တာ။ ေမာေတာ့နည္းနည္းေမာေနတုန္း။
ေနက္တစ္ေန႔မနက္ အိမ္ကအထြက္ ရထားလမ္းေဘး ပက္လက္ကုလားထိုင္ေလးနဲ႔ ေနပူစာလႈံေနတဲ့ ေသ႐ြာျပန္ အဘကိုေတြ႕ေတာ့ သူအသက္ရွင္ဖို႔ ဘယ္လို ေတြ ဘယ္သူေတြက ကူညီတာလဲ ေမးမိတယ္။

အဘရဲ႕အေျဖစကားေၾကာင့္ကြၽန္ေတာ္မ်က္လုံးျပဴးၿပီး အံ့ဩမွင္သက္သြားမိတယ္။

” ငါ့ကို ကယ္လိုက္တာ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ေပါ့ကြာ။ ငါအသက္ရႈေတြၾကပ္ၿပီး ေသမလိုေျမာေနတုန္း ငါအာ႐ုံထဲမွာ မင္းေအာင္လႈိင္က ငါ့ကိုလာၾကည့္တယ္။

ငါ့ၿခံဝလည္းေရာက္ေရာ “ေဟ့ မင္းေအာင္လႈိင္ မင္း… ငါ့ၿခံထဲ ဝင္လာစရာမလိုဘူး ဘာမွလာၾကည့္စရာမလိုဘူး”

” မင္း… မေသမျခင္း ငါလဲမေသဘူးကြ ၊ မင္းတို႔ေတြ က်ဆုံးတာ ၾကည့္ရၿပီးမွ ငါေသမယ္ ” လို႔ ေျပာထည့္လိုက္တာ တစ္ခါတည္း အသက္ရႉလို႔ ေကာင္းလာတာပဲ ငါ့ေကာင္ေရ … ငါ့ကိုမင္းေအာင္လႈိင္ ကယ္လိုက္တာဟ ” လို႔ အားရွိပါးရွိႀကီး ေျပာျပပါေလေရာဗ်ာ။

ကဲ ကိုဗစ္ျဖစ္ေနသူမ်ား ဒီအဘလို စိတ္ဓါတ္ခြန္အားျမင့္တင္ၿပီး ကိုဗစ္ကို ရင္ဆိုင္တိုက္ခိုက္တြန္းလွန္ႏိုင္ၾကပါေစ။

အေရးေတာ္ပုံေအာင္ရမည္။

Credit

Unicode

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကျေးဇူးကြောင့်ကိုဗစ်မှ ပြန်လည်သက်သာလာတဲ့ အဖိုးအို။

ပြီးခဲ့တဲ့တစ်ပတ်လောက်က ရထားလမ်းဘေးမှာ နေတဲ့ ရပ်ကွက်ကျူးတဲက ခင်မင်ရတဲ့အဘ တစ်ယောက် ကိုဗစ်ဖြစ်တယ်။

သွေးတိုး ဆီးချိုကလည်းရှိ ပန်းနာရင်ကြပ်ကလည်းရှိတော့ ဒီတောင်ကိုမကျော်နိုင်ဘူးလို့ အားလုံးက တွက်ထားကြတယ်။

အောက်စီဂျင် လယ်ဗယ် 30 လောက်ထိရောက်ချိန် ကျွန်တော်တို့ ပရဟိတက စီစဉ်ပေးတဲ့ 40L တစ်အိုး Ensure တစ်ဘူးနဲ့ ကြက်ဥ အလုံးသုံးဆယ် လှူပေးခဲ့တယ်။

ကိုယ်ကလည်း ဘာမှမလုပ်တတ်တော့ သူ့ရဲ့နောက်ဆုံးအချိန်လေး မှာ သက်တောင့်သက်သာလေး သွားဖို့ အောက်စီဂျင်အိုး ငှားပေးတာကလွဲလို့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။

အဲဒါနဲ့ 24 နာရီကိုကျော်လွန်ပြီးချိန် အောက်စီဂျင်အိုး သွားပြန်သိမ်းတော့ အဲ့အဘက သက်သာပြီ အောက်စီဂျင်မရှုရပါပဲ အောက်စီဂျင် လယ်ဗယ် 90ကျော်ပြန်တက်နေတော့ ဝမ်းသာလိုက်တာ။ မောတော့နည်းနည်းမောနေတုန်း။
နေက်တစ်နေ့မနက် အိမ်ကအထွက် ရထားလမ်းဘေး ပက်လက်ကုလားထိုင်လေးနဲ့ နေပူစာလှုံနေတဲ့ သေရွာပြန် အဘကိုတွေ့တော့ သူအသက်ရှင်ဖို့ ဘယ်လို တွေ ဘယ်သူတွေက ကူညီတာလဲ မေးမိတယ်။

အဘရဲ့အဖြေစကားကြောင့်ကျွန်တော်မျက်လုံးပြူးပြီး အံ့ဩမှင်သက်သွားမိတယ်။

” ငါ့ကို ကယ်လိုက်တာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပေါ့ကွာ။ ငါအသက်ရှုတွေကြပ်ပြီး သေမလိုမြောနေတုန်း ငါအာရုံထဲမှာ မင်းအောင်လှိုင်က ငါ့ကိုလာကြည့်တယ်။

ငါ့ခြံဝလည်းရောက်ရော “ဟေ့ မင်းအောင်လှိုင် မင်း… ငါ့ခြံထဲ ဝင်လာစရာမလိုဘူး ဘာမှလာကြည့်စရာမလိုဘူး”

” မင်း… မသေမခြင်း ငါလဲမသေဘူးကွ ၊ မင်းတို့တွေ ကျဆုံးတာ ကြည့်ရပြီးမှ ငါသေမယ် ” လို့ ပြောထည့်လိုက်တာ တစ်ခါတည်း အသက်ရှူလို့ ကောင်းလာတာပဲ ငါ့ကောင်ရေ … ငါ့ကိုမင်းအောင်လှိုင် ကယ်လိုက်တာဟ ” လို့ အားရှိပါးရှိကြီး ပြောပြပါလေရောဗျာ။

ကဲ ကိုဗစ်ဖြစ်နေသူများ ဒီအဘလို စိတ်ဓါတ်ခွန်အားမြင့်တင်ပြီး ကိုဗစ်ကို ရင်ဆိုင်တိုက်ခိုက်တွန်းလှန်နိုင်ကြပါစေ။

အရေးတော်ပုံအောင်ရမည်။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here