ဗိုလ်ခင်ညွန့်ထက် ပိုမိုယုတ်မာတဲ့ မအလ ရဲ့ အထူးလူယုံ စစ်ဓာတ်စစ်ဆင်ရေးဆရာကြီး အောင်လင်းဒွေး ဆိုတာ ဘယ်လိုလူစားမျိုးလဲ

311

စိတ်ဓါတ်စစ်ဆင်ရေး ဆရာကြီး အောင်လင်းဒွေး ဆိုတာ ဘယ်လိုလူစားမျိုးလဲ..

နောက်ထပ် Persuasion skill (စိတ်ဓါတ်စစ်ဆင်ရေး) ဘက်သာနေတဲ့ လူတစ်ယောက်အကြောင်းပြောမယ်

(မအလ) စစ်အုပ်စု တရားမဝင် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကြည်း (၁၈၂၆၃) ဆိုတာ စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ကပါ.. ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ တပတ်စဉ်ထဲပါ.. အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး/ စစ်ဥပဒေချုပ် တာဝန်တွေကို ရယူခဲ့ဖူးသူပါ.. ယခင် နဝတ တွင်းမှူး (၁) ဗိုလ်ခင်ညွန့်ထက် ပိုဆိုး ပိုယုတ်မာသူပါ.. သွေးအေးအေးနဲ့ ကောက်ကျစ်တယ် လိမ်ညာလှည့်ဖျားတဲ့ နေရာမှာ ဆရာတဆူတဲ့ဗျာ..

စကားပြောကောင်းပြီး လှည့်စားတတ်တယ် ဒါကြောင့် စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကော်မတီမှာ သူ့ကို ထည့်ထားခဲ့ဒါ။ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ချီရေး အလွန်တော်သူပါ.

ဗိုလ်ချုပ်ကြီး မြထွန်းဦး မေမြို့စစ်တက္ကသိုလ်မှာ ကျောင်းအုပ် လုပ်နေတုန်း ဗိုလ်လောင်းတွေရဲ့ ဆန့်ကျင်မှု ကြုံရတယ်.. အဲ့တုန်းက သူငယ်ချင်းဖြစ်တဲ့ အောင်လင်းဒွေးက ဝါဒဖြန့်ချီရေးတွေလုပ် ဗိုလ်လောင်းတချို့ကို ဂျောက်ချပြီး မြထွန်းဦးကို ခေါင်းအေးစေခဲ့တယ်တဲ့.. မအလရဲ့ အထူး လူယုံတဦးလည်း ဖြစ်ပါတယ်..

ဒေါ်လာသန်းနဲ့ချီ ချမ်းသာနေပါပြီ.. လုပ်ငန်းပေါင်းများစွာကို လူရင်းတွေနဲ့ လုပ်နေပါတယ်.. ပြည်တွင်းက ခရိုနီတွေနဲ့ လည်း ဆက်ဆံရေး အတော်ကောင်းသူလို့ ဆိုပါတယ်.. ပြည်တွင်းနေ တရုတ် ဟိန္ဒူ မူဆလင် စတဲ့ လူနည်းစုတွေထဲက ခရိုနီကြီးတွေ အထင်ကရ ဆရာကြီးတွေနဲ့ အတော့်ကို ရင်းနှီးပါတယ်တဲ့.. မအလရဲ့ လက်ရုံးတဆူလို့လည်း ပြောပါတယ်.. သိရအောင်ပါ..

အောင်လင်းဒွေးရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်ရပါမယ်.. လူထု ဆန့်ကျင်နိုင်အောင် အသိပေးရပါ့မယ်.. သူ့မိသားစုဝင်တွေကိုလည်း ဖော်ထုတ်ရပါ့မယ်.. စိတ်ဓာတ်ပိုင်းအရ ပြင်ဆင်ထားကြပါ။ စိတ်ဓာတ် စစ်ဆင်ရေးတွေလာပါလိမ့်မယ်။

မောင်မြင့် (နောက်ဆုံးပုံ တွမ်တာမှာ Oct 19 တုန်းကတွေ့မိတဲ့ တွီတစ်ခုပါ)

LEAVE A REPLY

Please enter your comment!
Please enter your name here