ဗိုက်ခွဲထားတဲ့ကြားက စားဝတ်နေရေးအတွက် ဈေးလည်ရောင်းနေရတဲ့ အန်တီကြီးကို စားဝတ်နေရေးပြေလည်အောင် တတ်နိုင်သလောက်ကူညီပေးခဲ့တဲ့ မိုးစက်

135

ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ကတော့ အခုလို ကပ်ဘေးကာလတွေမှာ ပြည်သူတွေကို လိုက်လံကူညီနေခဲ့တာကြောင့် ပရိသတ်တွေကချီးကျူးနေရတဲ့ ပရိတ်သတ်အချစ်တော်တစ်ယောက်ပါ။ ဒီနေ့မှာလည်း မိုးစက်က ဗိုက်ခွဲထားတဲ့ကြားက စားဝတ်နေရေးအတွက် ဈေးလည်ရောင်းနေရတဲ့ အန်တီကြီးကို တတ်နိုင်သလောက်ကူညီပေးခဲ့ပါသေးတယ်။

မိုးစက်ကတော့ သူ့ရဲ့အိမ်ရှေ့မှာ စပါးတွဲလော်လေးအော်သံကြားလို့ လှမ်းကြည့်လိုက်ချိန်မှာ ဒယိမ်းဒယိုင်နဲ့ စပါးတွဲတွေထမ်းပြီး ရောင်းနေတဲ့ သားအမိနှစ်ယောက်ကို တွေ့လိုက်တာကြောင့် ဈေးဝယ်ဖို့ မေးမြန်းလိုက်တော့ ဗိုက်ခွဲထားတဲ့ကြားက စားဝတ်နေရေးအတွက် ဈေးလည်ရောင်းနေရတဲ့အတွက် သူတတ်နိုင်သလောက်ကူညီတဲ့အနေနဲ့ စပါးတွဲတွေအကုန်လုံးကို (၇)သောင်းနဲ့ ဝယ်ယူပြီး အိမ်စောစောပြန်ခွင့်ရအောင် ကူညီပေးခဲ့တာပါတဲ့။

မိုးစက်ရဲ့ သူတစ်ပါးကိုကူညီချင်တဲ့ စိတ်ထားလေးကိုတော့ ပရိသတ်တွေက ထပ်မံပြီးတော့ ချီးကျူးနေခဲ့ရပါသေးတယ်။ ပရိသတ်ကြီးတွေလည်း မွန်မြတ်ပြီး ကူညီလိုစိတ်အပြည့်ရှိတဲ့ မိုးစက်ရဲ့ စိတ်ဓာတ်လေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here