ဖားကန့်ကနေ သပိတ်စစ်ကြောင်းဘက် လာတဲ့ စစ်တပ်နဲ့ရဲ ယာဉ်တန်း မိုင်းခွဲခံရ

294

ဖားကန့်ကနေ သပိတ်စစ်ကြောင်းဘက် လာတဲ့ စစ်တပ်နဲ့ရဲ ယာဉ်တန်း မိုင်းခွဲခံရ

ခေတ်သစ်၊ ဧပြီလ ၁၃ ရက်။

ဖားကန့်ကနေ သပိတ်စစ်ကြောင်းဘက် လာတဲ့ စစ်ကောင်စီ လက်နက်ကိုင် တပ်နဲ့ရဲ ယာဉ်တန်းဟာ ဧပြီလ ၁၃ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က မိုင်းခွဲခံရကြောင်း သတင်းရရှိသည်။

အေးမြသာယာနှင့် မော်တောင်းကြားမှာ ခွဲခံရတာဖြစ်ပြီး အဲဒီနေရာကို စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းပိတ်ဆို့ထားတာကြောင့် အသေအပျောက်စာရင်းမသိသေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “ရဲကားတစ်စီးမှာ စစ်သားရော ရဲရောပါတယ်၊ အဲကားတစ်စီးက အပေါ်ကိုတောင် မြောက်သွားတယ်” ဟုဖားကန့် ဒေသခံတစ်ဦးကဆိုသည်။

မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တွေက လက်နက်ကြီးတွေ သေနတ်တွေ မြို့ဘက်ကို ရမ်းပစ်နေကြောင်း ဒေသခံများကဆိုသည်။

source – Kachin wave news

LEAVE A REPLY

Please enter your comment!
Please enter your name here