ဖားကန့်တွင် စစ်​ကောင်စီလက်နက်ကိုင် ယာဉ်တန်း ထပ်မံ မိုင်းခွဲခံရပြီး ၃ ဦး​သေဆုံး

88

17 April 2021 – Hpakant
ဖားကန့်တွင် မ​နေ့က ရဟတ်ယာဉ်လာစဉ် လုံခြုံ​ရေး ယူ​​နေသည့် စစ်​ကောင်စီလက်နက်ကိုင်များ အပြန်လမ်းမှာ မိုင်းခွဲခံရပြီး ကားတစ်စီးမီး​လောင်ကာ စစ်သား ၃ ​ယောက် သေဆုံး​ပြီး ဒဏ်ရာရသူများလည်း ရှိ​ကြောင်း ဖားကန့်​ဒေသခံတစ်ဦးကဆိုသည်။

ဧပြီလ ၁၆ရက်​​နေ့ မွန်းလွဲ ၁နာရီကျော်ခန့်တွင် မရှီက​ထောင် ​ရေ​အေး​ချောင်းအနီး၌ မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်​နေ့တွင် စစ်​ကောင်စီလက်နက်ကိုင်​များသည် ရဟတ်ယာဉ်ဖြင့် ဖားကန့်သို့ လက်နက်​များ လာ​ရောက်ပို့​ဆောင်ခဲ့သည်ဟု ယူဆခံရပြီး ၎င်းရဟတ်ယာဉ်ခရီးစဉ်အတွက် အရပ်ဝတ်ဖြင့်လုံခြုံ​ရေးယူ​ပေးသည့် စစ်သားများ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

မိုင်ခွဲခံရပြီး နောက် ​သေနတ်သံ​များလည်း ကြား​ခဲ့ရကြောင်းလည်း ဆိုသည်။

မယမန်နေ့ညက ဆွမ်ပရာဘွမ်လမ်း​ကြောင်းတွင်လည်း စစ်​ကောင်စီ လက်နက်ကိုင်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ဦး​သေဆုံးကာ ဒဏ်ရာရသူများ​ကြောင်း သိရသည်။

ဓါတ်ပုံ​ – ပုံဟောင်းကို အသုံးထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here