ဖယ်ခုံတိုက်ပွဲမှာ စစ်ကောင်စီ (၂၀)ခန့် သေဆုံး၊ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

94

ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိနဲ့ စက်တော်ကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၂၀)ဦးခန့် သေဆုံးခဲ့​ပြီးတော့ ဒီနေ့မနက်မှာလည်း တိုက်ပွဲ ဆက်ဖြစ်နေကြောင်း သိရပါတယ်။

မနေ့ နိုဝင်ဘာ ၄ ရက် တိုက်ပွဲမှာ လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ မိုးဗြဲ PDF၊ အလယ်ပိုင်းတိုင်း PDF၊ KGZ၊ ကရင်နီ တပ်မတော် (KA)နဲ့ KNDF တို့ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး အလယ်ပိုင်းတိုင်း PDF မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လွိုင်ကော် PDF က မနေ့ည ၈ နာရီခန့်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၈ နာရီကနေ ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီမှာ တိုက်ပွဲ ငြိမ်သက်သွားကြောင်း ဖယ်ခုံ PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်က လွယ်ဝှဲကျေးရွာကိုမီးရှို့ခဲ့တဲ့အပြင် ရွာရှိနေအိမ်အားလုံးနီးပါးရဲ့ တံခါးတွေ ချိုးဖျက်ဝင်ရောက်ပြီး ဗီဒိုနဲ့ သေတ္တာတွေ ဖွင့်ပြီးတော့ ပစ္စည်းတွေ ယူဆောင်သွားကြသလို တောင်ယာခင်းရှိ စပါးတဲတွေပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်းအိ၊ စက်တော်၊ လွယ်လုံ၊ လွယ်ဝှဲကျေးရွာက လူထုတွေ ရွာလုံးကျွတ် စစ်ရှောင်နေကြရတဲ့အပြင် မြို့ပေါ်နဲ့ ကုန်းဆုံကျေးရွာအုပ်စု ကုန်းဆုံ၊ လွယ်ပါသာ၊ ပူချယ်၊ ကသဲ၊ ရွှေပြည်အေးရွာရှိ လူထုတွေလည်း စစ်ရှောင်နေရကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here