ဖခင်ကြီးရဲ့ ၁ လပြည့် အတွက် We love အဖွဲ့သားတွေနဲ့အတူ ဆွမ်းကပ်ကုသိုလ်ယူခဲ့တဲ့ ရတနာမိုင်

85

ပရိသတ်ကြီးရေ ရခိုင်သူလေး ရတနာမိုင်ဟာ အဆိုတော် မိုင်ရဲ့ သမီးဖြစ်ပြီး မိခင်ရဲ့ သွေးအပြည့် ပါတယ်လို့ဆိုရလောက်အောင် အဆိုပညာမှာ တကယ်တော်တဲ့သူလေးပါ။မကြာသေးခင်အချိန်အတွင်းမှာလည်းချစ်ရတဲ့ ဖခင်ကြီးကိုဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့အောက်တိုဘာလ(၂၅)ရက်နေ့ဟာ မိုင်လေးချစ်ရတဲ့ ဖခင်ကြီးဆုံးပါးသွားတာ (၁)လတိတိပြည့်တဲ့နေ့ပါပဲနော်။ ဖခင်ကြီးရဲ့ ၁လပြည့်ကို မိုင်လေးနဲ့အတူ သူမရဲ့ we love​တွေနဲ့အတူတကွ ကုသိုလ်ယူဆွမ်းကပ်လှူခဲ့ကြတာပါ။

မိုင်လေးကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ”ကွယ်လွန်သူ မွေးသဖခင်ကျေးဇူးရှင်ဖေကြီး ဦးမောင်ရင် ၁ လပြည့်ဆွမ်းကပ်အလှူဘာလိုလိုနဲ့ ဖေကြီးသမီးတို့ကိုခွဲခွာသွားတာ ၁ လတောင်ပြည့်သွားပြီဖေကြီးရေ ဖေကြီးကိုရည်စူးပြီး သမီးတို့ သားအမိပြုလုပ်တဲ့ကုသိုလ်တွေအများကြီးရပါစေနော် ။ လူဖြစ်လူချမ်းသာ နတ်ဖြစ်နတ်ချမ်းသာဖြစ်ပါစေ မြင့်မြတ်သောဘုံဘဝမှာခံစား စံစားနိုင်ပါစေ”ဆိုတဲ့စာလေးနဲ့အတူ ကုသိုလ်ယူပုံရိပ်တွေကို ဝေမျှလာခဲ့တာပါ။ပရိသတ်ကြီးလည်း ရတနာမိုင်ရဲ့ ဖခင်ကြီး​အတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here