ဖခင်ကြီးရဲ့ နောက်ဆုံးခရီးကိုတောင် အနားမှာရှိခွင့်မရခဲ့တဲ့ ဖိုးချစ်

81

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဇာတ်သဘင်မင်းသားချောလေး ဖိုးချစ်ရဲ့ ဖခင်ကြီးက ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့က ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ ထူးချွန်လှတဲ့ ဆိုင်းပညာရှင်ကြီးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။

ဖိုးချစ်အတွက်လည်း ဖခင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးဖြစ်တဲ့ ဖခင်ကြီးရဲ့ နောက်ဆုံးခရီးကိုတောင် ဖိုးချစ်က အခြေအနေ အခက်အခဲတွေကြောင့် အနားမှာရှိခွင့်မရဘဲ Vedio Call လေးနဲ့သာ ရှစ်ခိုးကန်တော့ခွင့်ရရှိခဲ့ပါတယ်။

ဖခင်ကြီးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်ပြီး ဖခင်ကြီးချစ်တဲ့သားတစ်ယောက်ဖြစ်တဲ့ ဖိုးချစ်အတွက်တော့ တကယ်ကို ကြေကွဲဖို့ကောင်းလွန်းလှပါတယ်။  ပရိသတ်ကြီးရေ ဖိုးချစ်တစ်ယောက်တော့ ဘယ်လောက်တောင်မှ ကြေကွဲဝမ်းနည်းနေရရှာမလဲနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here