ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့ ပုံရိပ်တွေ ဖော်ပြလာတဲ့ ရတနာမိုင်

128

အဆိုတော်၊သရုပ်ဆောင် ရတနာမိုင်ကတော့ တေးသံရှင်မိုင်ရဲ့သမီးချောလေးဖြစ်ပြီး မိခင်ဆီကနေ လက်ဆင့်ကမ်းရရှိပြီး ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ နားဝင်ချိုပြီး သာယာတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ကတော့ သီချင်းတွေကို ပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုတတ်တာ ဖြစ်ပါတယ်။

အလုပ်တွေကို ကြိုးစား လုပ်ကိုင်သလို မိဘနှစ်ပါးအပေါ်လည်း သိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။ စက်တင်ဘာလ (၂၅) ရက်နေ့ညမှာတော့ ရတနာမိုင်ရဲ့ ဖခင်ဖြစ်သူဟာ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြောင့် အားလုံး က စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။

ယနေ့ မှာတော့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံး ခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တွေကိုဝေမျှလာပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းကို ဝေမျှပေးရင်း အန်ကယ်လည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here