ဖခင်တစ်ယောက်ရဲ့ မေတ္တာကို အထင်းသားမြင်တွေ့ ပြီး ရင်ထဲဆို့နစ်မိတယ်

159

လသားအရွယ် သားဖြစ်သူရဲ့အသက်ကို ကယ်တင်ဖို့အတွက် လမ်းဘေးမှာ သားလေးကို ချီပီးဈေးရောင်းရင်း ဆေးကုသစရိတ် ရှာဖွေပေးနေတဲ့ ဖခင်တစ်ဦး

ဖိလစ်ပိုင်နိုင်ငံက အသက်၃၄နှစ်အရွယ် ဖခင်တစ်ဦးဟာ လမ်းဘေးတစ်နေရာမှာ ၈လအရွယ်သားလေးကိုချီပီး သရေစာတစ်မျိုးဖြစ်တဲ့ homemade ငှက်ပျောကိတ်ကို ရောင်းနေခဲ့ပါတယ်။၎င်းရဲ့သားလေးဟာ အသည်းပျက်စီးတဲ့ ရောဂါဝေဒနာ ခံစားနေရတာပါ။

သားလေးရဲ့ ခွဲစိတ်ကုသမှုစရိတ်ဟာ ကြီးမားလွန်းတာကြောင့် ၎င်းတို့အနေနဲ့မတတ်နိုင်တာကြောင့် သားကိုကယ်တင်ဖို့အတွက် ပိုက်ဆံရတဲ့ သမာအာဇီဝ အလုပ်မှန်သမျှကို ကြိုးစားလုပ်ကိုင်ခဲ့ ကြပါတယ်။

၎င်းတို့ရဲ့ မုန့်ကိုအားပေးချင်သူတွေအတွက်ဆိုပီး မိခင်ဖြစ်သူဟာ ကျွန်မတို့ရဲ့ homemade မုန့်လေးကို အားပေးရင်းသားရဲ့အသက်ကိုကယ်တင်ပေးပါ ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ fb မှာပိုစ့်တင် မျှဝေခဲ့ပါတယ်။သူမရဲ့ပိုစ့်လေးဟာ အလျင်မြန်ပဲ share ပေါင်း 139000ရရှိခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ရဲ့အဖြစ်ကို သနားဂရုဏာ သက်ခဲ့ကြတဲ့ netizenများကတတ်နိုင်သလောက် အလှူငွေလေးတွေလွှဲပေးပီး ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here