ပျားရည်အိုင် ဇာတ်လမ်းတွဲရိုက်ကူးစဉ်က မေ့မရတဲ့အမှတ်တရတစ်ခုကို ပြန်လည်ပြောပြလာတဲ့ မြတ်သူသူ

152

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်မြတ်သူသူရဲ့ ပျားရည်အိုင်ဇာတ်ကားလေးကိုတော့ ပရိသတ်တွေအတွက် ဘယ်အချိန်ကြည့်ကြည့်ကို ကြည့်မဝတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ။ မြတ်သူသူကတော့ သူ့ရဲ့ပျားရည်အိုင်ဇာတ်ကားလေးရိုက်ကူးခဲ့စဉ်ကသွားရောက်ရိုက်ကူးခဲ့တဲ့ ဒေသမှာသူအတွက် မမေ့နိုင်စရာအမှတ်တရတစ်ခုကို ပြန်လည်မျှေဖော်ပြလာခဲ့ပါတယ်။

အမှတ်တရအဖြစ်အပျက်လေးကတော့ ပျားရည်အိုင်ရိုက်ကူးတုန်းက ရိုက်ကူးရေးလုပ်တဲ့ဒေသမှာ ကျီးသဲအသုပ်ဆိုင်ကအသုပ်ကို ကြိုက်လွန်းလို့ ရိုက်ကူးရေးလုပ်နေတဲ့(၃)လလုံးတစ်ရက်မပြတ်နေ့တိုင်းစားခဲ့တဲ့ အမှတ်တရလေးဖြစ်ပြီး သူကိုယ်တိုင်အပြင် တခြားသူတွေကိုပါ အတင်းလိုက်ဝယ်ကျွေးခဲ့ကြောင်း ကို “ပျားရည်အိုင်ရိုက်တော့ ဥသျှစ်ပင်မှာ ၃ လလောက်နေခဲ့ရတယ်။ အဲ့မှာ ကျီးသဲအသုပ်ဆိုင် တဆိုင်ကနေ ၃ လလုံးတရက်မပျက် မနက်တိုင်း အသုပ်နဲ့ထမင်းစားခဲ့တာကတော့ လုံးဝအမှတ်တရပဲ။ ငယ်ငယ်ထဲက အဒေါ်တွေရောင်းတော့ တအားကြိုက်တာ ရန်ကုန်မှာ ဝယ်လို့ရတောင် အရသာက တူကိုမတူတာ ရောက်တုန်းစားရတယ်ဆိုပြီး နေ့တိုင်းစားရုံမကဘူး။ တခြားသူတွေပါ အတင်းလိုက်ဝယ်ကျွေးခဲ့သေးတာ တကယ်အမှတ်တရပဲ “ဆိုပြီး ရန်ကုန်မှာသာ အဲ့လိုဆိုင်ရှိလည်းလည်း အခုချိန်နေ့တိုင်းဝယ်စားမိမလားမသိဘူးလို့ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

မြညိုလေးက သူ့ရဲ့ငယ်ငယ်ကတည်းက အသည်းစွဲကြိုက်တဲ့အစားအစာလေးကို ပြောပြထားပြီး ပရိသတ်တွေရော ငယ်ငယ်ကတည်းက သူ့လိုအရမ်းကြိုက်တဲ့ အစားအစာရှိလားလို့လည်း မေးထားပါသေးတယ်။ပရိသတ်ကြီးတွေရော နေတိုင်းစားရရင်တောင်ရိုးမသွားတဲ့ အကြိုက်ဆုံးအစားအစာရှိလား။

LEAVE A REPLY

Please enter your comment!
Please enter your name here