ပဲခူးဧရာဝတီဘဏ်အမှုကိစ္စ ဖမ်းဆီးပေးခဲ့သည်ဟုဆိုကာ ညစာကျွေးပြီး ဂုဏ်ပြုဆု သိန်း ၁၀၀ ပေး

368

စက်တင်ဘာ ၁၆ စက်တင်ဘာလ ၁၃ ရက်က ပဲခူးမြို့တိုင်း အင်းတကော်မြို့တွင် ဖြစ်ပွားခဲ့သည့် ဧရာဝတီဘဏ် အမှု၌ တရားခံ ၇ ဦးကို ၉နာရီအတွင်း ဖမ်းဆီးခဲ့ပေးသည့်အတွက် ဟုဆိုကာ စစ်ကောင်စီက ၎င်းတို့၏လုံခြုံရေးတပ်ဖွဲ့ဝင်များကို ယမန်နေ့က ညစာကျွေးပြီး ဂုဏ်ပြုခဲ့သည်။

စစ်ကောင်စီက ယနေ့ ရက်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှုများ မကြာခဏလုပ်နေပြီး ယနေ့တွင် ရန်ကုန်နှင့် ပဲခူးနှစ်နေရာ၌ ချီးမြှင့်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ပဲခူး ဖြစ်စဉ်၌ ငွေကျပ်သိန်းလေးသောင်းလုယက်ခံရသည်ဟု စစ်ကောင်စီက ဆိုပြီး လူ ၇ ဦးနှင့်အတူ M-79 ဗုံးပစ်လောင်ချာ၊ AK-47 အပါအဝင် သေနတ်၈လက်၊ ကျည်အိမ် ၄ခု၊ ကျည်အတောင့်များနှင့် အခြား ကျည်အိမ်မျိုးစုံကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။အဆိုပါ လူ ၇ ဦးကိုလည်း PDF အဖွဲ့အဖြစ် စစ်ကောင်စီက စွပ်စွဲထားသည်။

ထို လူ ၇ ဦးအနက် နှစ်ဦးမှာ သီလရှင်များဖြစ်ကြကာ လက်နက်များကို ဖွက်ပေးသည့်အတွက် ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ထိုဖြစ်စဉ်၌ လူ၇ဦးက ပမာဏာအားဖြင့် များပြားသည့် ငွေသားထုတ်များနှင့် ဘဏ်ဝန်ထမ်း ၅ ဦးတို့ကို လုယက်ဖမ်းဆီးရာတွင် ဟိုက်ဂျက်ကားလေးတစ်စီးတည်းအသုံးပြု၍ လုယက်မှုကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသဖြင့် ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here