ပီတိမျက်ရည်ဝဲရတဲ့ ပြည်သူတဦး​၏ မေတ္တာ

146

နေ့ခင်းတုန်းကဆိုင်ကို သားအမိနှစ်ယောက် ဝင်လာတယ်နွမ်းနွမ်းပါးပါး လေးဆိုတာ မြင်တာနဲ့သိသာပါတယ်။ကလေးငယ်က မျက်စိမမြင်ရှာဘူး အမေဖြစ်သူက ဂစ်တာဈေး ဘယ်လောက်လဲ လို့မေးတယ်အနိမ့်ဆုံး ၃၅၀၀၀ကျပ်လို့ ဖြေလိုက်တော့မျက်နှာ ပျက်သွားတာကို မြင်လိုက်ရတယ်။

ကလေးက ပျော်ရွှင်ခုန်ပေါက်နေတာ ဂစ်တာ ရတော့မယ် ဆိုပြီးတော့ပေါ့ သူ့အမေရဲ့ ပျက်နေတဲ့မျက်နှာကို သူမမြင်ရဘူးလေ။ကျွန်မမှာ ၅၀၀၀ကျပ်ပဲပါတယ် ဒီဂစ်တာအပြာလေးကို ချန်ထားပေးပါလား ကျွန်မဈေးရောင်းပြီးလို့ ရတဲ့အမြတ်ကို နေ့တိုင်းလာသွင်းပါ့မယ်။

၃၅၀၀၀ ကျပ် ပြည့်ရင် ဂစ်တာယူမယ်လေ အာ့လိုလေး လုပ်ပေးပါလား အစ်ကိုတဲ့ရင်ထဲမှာ နင့်နေအောင် နာကျင်သွားတယ်ဗျာ အမေက သားဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ပေးမဲ့ မိခင်မေတ္တာက အထင်းရှားကြီးဗျာမျက်ရည်တောင် ဝဲသွားမိတယ် ကလေးက ဂစ်တာတီးတက်လား မေးတော့ အရမ်းကျွမ်းတယ် ဆိုလို့ကြိုးညှိပြီး ဂစ်တာပေးလိုက်တယ်။ကလေးက ဂစ်တာရတာနဲ့ ပျော်ရွှင်စွာတီးတော့ပဲ ကျွန်တော်ချက်ချင်း သိလိုက်တယ်ကလေးက ဂစ်တာမတီးတက်ဘူး ကော့ဒ်တောင်မကိုင်တက်ဘူး ဒါပေမယ့် ဖျားသွားတယ် သူတီးတာ အရမ်းနားထောင်လို့ ကောင်းတယ် ဟာမိုနီဖြစ်တယ်။

သူ့ကိုင်တဲ့ လက်ကွက်တွေက စိတ်ထင်တာတွေ လျှောက်နှိပ်နေတာ ဒါပေမယ့် ထွက်လာတဲ့အသံတွေက သာယာနာပျော်ဖွယ် ဖြစ်တယ်။စိတ်ကတွေးနေတုန်း အစ်ကို ၅၀၀၀ ပေးခဲ့မယ်နော် နောက်နေ့မှ ကျန်တဲ့ပိုက်ဆံတွေ ရသလောက် လာသွင်းပေးမယ်ဟုတ်ကဲ့ ပေးခဲ့ပါဆိုတော့ အမေဖြစ်သူက ပျော်ရွှင်သွားတာကို ဖုံးမရ ဖိမရနဲ့ ဂစ်တာကို တစ်ခါတည်း ယူသွားလိုက်ပါဗျာကျန်တဲ့ပိုက်ဆံလဲ လာမပေးနဲ့တော့ ၅၀၀၀ နဲ့ရောင်းလိုက်တယ်ပဲ ထားလိုက်ပါ။

အမေဖြစ်သူက လက်အုပ်ချီတယ် ကိုယ့်မှာ မနည်း ပြန်တောင်းပန်နေရတယ် ကလေးက ဂစ်တာရလို့ ခုန်ပေါက်နေတာခင်ဗျားတို့ကို မြင်စေချင်တယ်ဗျာ ကျွန်တော်က August Rush ရုပ်ရှင်ကားလေးက ချာတိတ်လေးတောင် ပြေးပြီး သတိရမိတယ်ဗျာအမေဖြစ်သူက လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ကြေမွနေတဲ့ ပိုက်ဆံတွေကို ညီညာအောင် လုပ်ပြီး ကျွန်တော့်ကိုပေးတယ်။သားအမိရဲ့ ပိုက်ဆံကို ကျွန်တော်မယူချင်ပါဘူး ဒါပေမယ့် ကျွန်တော်ယူလိုက်တယ်။သူတို့ရဲ့စိတ်ထဲမှာ ဂစ်တာကို ဝယ်တယ်လို့ပဲ စိတ်ခံစားစေချင်တယ် အမေဖြစ်သူကိုလဲ လေးစားမိတယ် သူတို့အတွက် ဒီပိုက်ဆံ ၅၀၀၀ ဟာ သိပ်တန်ဖိုးရှိမှန်းလဲ သိပါတယ်။အလကားဆိုတဲ့ဟာကို သူတို့ကို မခံစားစေချင်ဘူး အလကားဆိုရင် လူတွေက တန်ဖိုးမထားတက်ကြဘူးလေ။မှတ်ချက် လူမူကွန်ယက်မှာ ပြည်သူတဦး ရေးသားထားသည်ကို လေးစားစွာဖြင့် ပြန်လည်ဖော်ပြ ပေးထားခြင်း ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here