ပရိသတ်တွေက မန့်မှာ နေကောင်းလား မေးရင် အရမ်းဝမ်းသာ ပီတိဖြစ်ရတယ်ဆိုတဲ့ ဘဘဦးမိုးဒီ

164

တချိန်က အငြိမ့်လောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြတဲ့ ဟာသလူရွှင်တော် အနုပညာရှင်ကြီးတွေဟာ ယခုအခါမှာတော့ သက်ရှိထင်ရှား ကျန်ရှိသူတွေ နည်းပါးလာခဲ့ပြီပဲ ဖြစ်ပါတယ်နော်။

 

အငြိမ့်စင်ပေါ်က လူရွှင်တော်ကြီးတွေရဲ့ ဟာသပြက်လုံးတွေနဲ့ ရယ်မောကြီးပြင်းလာခဲ့ရသူတွေ အဖို့မှာတော့ ဝါရင့်သမ္ဘာရင့်လူရွှင်တော်ကြီးတွေကို အခုချိန်ထိ ချစ်ခင်အားပေးနေကြသလို သတိတရ မှတ်မှတ်ရရ ရှိကြစမြဲပါနော်။အငြိမ့်တခေတ်ကနေ ရုပ်ရှင်ဗီဒီယိုလောကထဲထိ အောင်မြင်ကျော်ကြားခဲ့ပြီး ယခုချိန်ထိသက်ရှိထင်ရှား ရှိနေဆဲဖြစ်တဲ့ ဝါရင့်သမ္ဘာရင့် ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဉီးမိုးဒီဟာ ဆိုရင်လည်

 

တနိုင်ငံလုံးက ကလေးလူကြီး ပရိသတ်အားလုံးက ချစ်ခင်အားပေးကြရတဲ့ အနုပညာရှင်ကြီး တစ်ဉီးပါပဲနော်။ ဉီးမိုးဒီဟာ အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်သော်လည်း အင်တာဗျူးတွေမှာ ဖြေကြားထဲအခါမှာ..ဟာသလေးတွေ နှောပြီး ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် ဟာဒယရွှင်ဆေး တိုက်ကျွေးလေ့ရှိသူလည်းဖြစ်ပါတယ်နော်။ ဒါကြောင့်မို့လည်း စိတ်ထားကောင်းပြီး ပျော်ရွှင်စေတဲ့ လူရွှင်တော်ကြီးဉီးမိုးဒီကိုပရိသတ်တွေက ကျန်းမာပကတိ ချမ်းသာစွာ ရှိပါစေကြောင်း ချစ်ခင်စွာ ဆုတောင်းမေတ္တာတွေ ပို့သပေးနေတာပဲဖြစ်ပါ တယ်နော်။ယခုအခါမှာလည်း ဉီးမိုးဒီက “ကိုဗစ်ဖြစ်တုန်းကတော့သေခြင်းကိုငါလိုက်မယ်၊ ငါ့ကိုမဆွဲနဲ့ ငါ့ဘာသာ လိုက်ခဲ့မယ်။ သေခြင်းတရားရဲ့ ဟိုဘက်မှာ ဘာတွေရှိလဲသိချင်သွားတာပါ။

တစ်ပတ်လောက်လောက် သတိလစ်သွားတဲ့အချိန်ကနေ ပြန်ကောင်းလာတယ်။ဦးဇော်ဇော်က အဓိကကျေးဇူးရှင်ကြီးပါ။ အခုတော့ နေကောင်းပြီး လိုက်ဖ်လွှင့်နေတယ်။ကွန်းမန့်လေးတွေ တက်လာရင်နေကောင်းလား၊ သက်တော်ရာကျော်ရှည်ပါစေဆိုတဲ့ မန့်လေးတွေကို အရမ်းပီတိဖြစ်လို့ပါ..”ဆိုပြီး ပရိသတ်တွေပို့သတဲ့ မေတ္တာတရားတွေကြောင့်ယကြည်နူးဝမ်းသာ ပီတိဖြစ်ရကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလာတာပဲ ဖြစ်ပါတယ်နော်ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးထဲမှာ ဝါရင့်လူရွှင်တော်ကြီး ဉီးမိုးဒီကို ချစ်ခင်အားပေးကြသူတွေ ရှိကြမယ်ဆိုရင်ဘဘဉီးမိုးဒီ ကျန်းမာချမ်းသာ ပါစေကြောင်း ဆုမွန်ကောင်းလေးများ တောင်းပေးခဲ့ကြပါ အုံးနော်။ ပရိသတ်ကြီးအားလုံးလည်း ကျန်းမာရွှင်လန်းကာ လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းပေးအပ်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here