ဓားသွေးတဲ့အလုပ်ကို လုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ မျက်မမြင်အဖိုးကို အလှူငွေတွေသွားရောက်လှူဒါန်းပေးခဲ့တဲ့ မိုးစက်

93

ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ကတော့ လတ်တလောမှာ ချို့တဲ့တဲ့ အနုပညာရှင်တွေ စားဝတ်နေရေးခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေအတွက် လှူဒါန်းမှုတွေပြုနေတာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ မိုးစက်က သူ့ရဲ့အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ သူ့ရဲ့ချွေးနည်းစာတွေကို စုပေါင်းပြီးလှူဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း မိုးစက်က စားဝတ်နေရေးအတွက် ဓားသွေးတဲ့ အလုပ်ကိုလုပ်ပြီး ဖြေရှင်းနေရတဲ့ အသက် (၇၀)အရွယ် မျက်မမြင်အဖိုးကို နေပူပူမှာ အလုပ်လုပ်နေရတဲ့အတွက် မကြည့်ရက်တာကြောင့် အလှူငွေတွေသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အဘိုးအတွက် တစ်လစာအသုံးစရိတ်အနေနဲ့ အလှူငွေ (၁)သိန်းခွဲကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့။

အခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်နေတဲ့အဖိုးကိုကြည့်ပြီး လှူဒါန်းခဲ့ရတာကို ဝမ်းသာပီတိဖြစ်နေခဲ့ပြီး မိုးစက်က အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့တာပါ။ ပရိသတ်ကြီးရေ ပီတိဖြစ်ဖွယ်အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနေ။

LEAVE A REPLY

Please enter your comment!
Please enter your name here