ဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်တွေအတွက် ရှိသမျှအဝတ်အစားတွေကို သူမအတွက်ဆယ်ထည်ဝန်းကျင်သာ ချန်ထားပြီး အကုန်လှူပေးမယ့် ခင်သဇင်

60

သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်နေတဲ့ မင်းသမီးချောခင်သဇင်ကတော့ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်သလောက်ပါဝင်နေသူတွေထဲက တစ်ဦးပါပဲ..။လက်ရှိအခြေအနေတွေကြောင့် ပြည်သူတွေမှာ အခက်အခဲတွေအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရသလို စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့လည်း အစစရာရာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်..။

မိဘမဲ့ဂေဟာကို အဝတ်အထည်တွေ နှစ်တိုင်းလှူဖြစ်နေတဲ့ ခင်သဇင်ကတော့ အခုတစ်ခါမှာ တောထဲတောင်ထဲ ဒုက္ခရောက်နေရှာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရှိသမျှအဝတ်အစားတွေအကုန် လှူဒါန်းသွားမယ်လို့ သိရပါတယ်..။

သူမဝတ်ဖို့အတွက် အထည်(၁၀) ဂဏန်းလောင်ကိုသာ ချန်ထားပြီး ကျန်တဲ့အဝတ်တွေအကုန် လှူဒါန်းချင်ပေမယ့် တချို့ဒီဇိုင်းတွေကြောင့် အခက်တွေ့နေရတဲ့ အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်..။

“ဇင့် အဝတ်တွေအကုန်ကို စစ်ဘေးရှောင် ဒုက္ခရောက်ပြည်သူတွေကို လှူပါမယ်…အဝတ်တွေက ဒါတောင် နှစ်တိုင်း မိဘမဲ့ ဂေယာတွေကို လှူနေကြပါ.. အခုတော့ ကိုယ့် ဆီမှာ အထည်လေး ၁၀ ဂဏန်းပဲထားခဲ့ ပြီး ရှိသမျှ အကုန်လှူမှာပါတချို့ ဒီဇိုင်းတွေကြောင့် ဘယ်လို လှူရ ရောင်းရမှန်း မသိလို့ ဝန်ထမ်းလည်း ခေါင်းတွေ မူးနေပါပြီ ဘယ်ဟာကို ရောင်းပြီး လှူရမယ် ဘယ်ဟာကို တိုက်ရိုက်လှူရမယ် ဆိုတာလည်း မသိတော့ပါဘူး

ဒုက္ခရောက်ပြည်သူတွေ ဆီ တိုက်ရိုက် ရောက်နိုင်မယ့် နေရာကို လှူပါမယ်..အလှူခံချင်တဲ့ သူတွေ နီးစပ်ရာကနေ လက်တို့ပါနော်..ပြည်သူတွေ ကျန်းမာချမ်းသာ ဘေးကင်းကြပါစေရှင် 😔🙏🏼🙏🏼🙏🏼..” ဆိုပြီး သူမရဲ့အလှူလေးကို ပြောပြထားတာပါ..။

ပရိသတ်တွေနဲ့ ပြည်သူတွေကလည်း အခုလို တတ်နိုင်တဲ့ဘက်ကနေ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီလှူဒါန်းရင်း အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပါဝင်နေတဲ့ ခင်သဇင်ကို အားပေးထားကြတာ တွေ့ရပါတယ်..။

LEAVE A REPLY

Please enter your comment!
Please enter your name here