ဒီနေ့ နေ့လည် ATM ထုတ်ဖို့ တန်းစီနေတုန်း CNN သတင်းထောက် ရောက်လာတယ်

361

ဒီနေ့ နေ့လည် ATM ထုတ်ဖို့ တန်းစီနေတုန်း CNN သတင်းထောက် ရောက်လာတယ် …

သူ့ဖုန်းနဲ့ ဒီဖက်ကို လှမ်းရိုက်နေတာ တွေ့တော့ ကျွန်တော်က လက်သုံးချောင်း လှမ်းထောင်ပြလိုက်ရော .. ချက်ချင်းပဲ CNN ကပဲ ကတုံးတစ်​ယောက်က ကင်မရာကြီးထပ်သယ်လာပြီး Video Record ယူတယ် …

အဲဒီ့အချိန်ကျတော့ တော်တော်များများ လက်လိုက်ထောင်ပြကြ၊ ဒူးထောက်ပြပီး လက်ထောင်ပြ Save Myanmar အော်ကြနဲ့ ဆန္ဒကို တဒင်္ဂထုတ်ဖော်လိုက်ကြတယ် …

စိတ်တိုချင်စရာ​ကောင်းတာက ဝတ်ကောင်းစားလှနဲ့ Gen L အန်တီကြီးတစ်ယောက်ကတော့ နင်တို့လုပ်တာနဲ့ ငါတို့ဒုက္ခရောက်တော့မယ်ဆိုပြီး တန်းစီတဲ့ နေရာကနေ ထွက်သွားပါတယ် …

တချို့လူကြီးတွေကတော့ English လိုတတ်ရင် သွားပြောကြ အားပေးတယ်တဲ့လေ …

ဒါပေမယ့် ချက်ချင်းဆိုသလို မအလမျိုးတွေက တန်းပြီးရောက်ချလာရော …

သတင်းထောက်မကလည်း လည်တယ်၊ ကင်မရာတန်းသိမ်းခိုင်းပြီး လူတွေရှိတဲ့ဖက်ကို လက်ကာပြတယ် သူရိုက်ချင်တာရပြီ ကိုယ့်လုံခြုံရေးကိုယ်ဂရုစိုက်ကြတော့ဆိုတဲ့ အဓိပ္ပါယ်နဲ့ …

ကျွန်တော်လည်း ပိုက်ဆံထုတ်ပြီးတာနဲ့ လမ်းကြားထဲကနေ အမြန်လစ်ထွက်လိုက်ရတယ် …

အဲဒီ့အချိန်မှာ မျက်ရည်က ဘယ်လိုကျမိမှန်း မသိလိုက်ဘူး …

အားကိုးရာမဲ့နေတဲ့ ပြည်သူတွေရဲ့ ဘဝတွေ … 🥺

(ပြည်သူတစ်ယောက်က သူ့အတွေ့အကြုံကို ရေးသားထားခြင်း ဖြစ်ပြီး Share မရလို့ ခွင့်တောင်းကာ Copy ပြန်ယူထားခြင်း ဖြစ်ပါတယ်ဗျ)

LEAVE A REPLY

Please enter your comment!
Please enter your name here