ဒီနေ့ စက်ရုံကို ကိုရီယားရဲနှစ်ယောက်လာတယ် မြန်မာလူမျိုးနဲ့တွေ့ချင်လို့တဲ့ ရင်ထဲထင့်သွားတယ်

108

ဒီနေ့ စက်ရုံကို ကိုရီယားရဲနှစ်ယောက်လာတယ် မြန်မာလူမျိုးနဲ့တွေ့ချင်လို့တဲ့ ရင်ထဲထင့်သွားတယ်။

ငါဘာမှမလုပ်ခဲ့ပါဘူးပေါ့ စက်ရုံမှုးက ပြလိုက်တော့ ကိုယ့်ဆီလာပြီ စက်ခဏရပ်ပြီး စကားပြောချင်တယ်တဲ့ ၊သူတို့ဆီသွားတော့ နာမည်နဲ့အသက်မေးတယ် ပြီးတော့ ကဒ်လေးထုတ်ပေးတယ် ရဲစခန်းဖုန်းနံပါတ် ၊သူကမေးတယ်

ဒီမှာမင်းအဆင်ပြေရဲ့လားတဲ့ မင်းမိသားစုနဲ့အဆက်သွယ်ရလားတဲ့ ၊မြန်မာနိုင်ငံ​ကြောင်းသူတို့သိတယ်တဲ့ အကူညီလိုရင်ဖုန်းဆက်ပါတဲ့ ၊ရင်ထဲ ငိုချင်သွားတယ်ဗျာ

ကျွန်တော်က သူတို့နိုင်ငံမှာလာအလုပ်လုပ်တဲ့ အလုပ်သမား ၊တွေးမိတာကတော့ ငါ့နိုင်ငံကရဲတွေက အိမ်ထဲနေတဲ့လူတောင် သေနတ်နဲ့သတ်တယ် ၊

သူများနိုင်ငံကရဲက တစ်ခါမှမသိတဲ့ ကျွန်တော်တို့ကို အကူညီလိုရင်ပြောပါ အားတင်းထားပါတဲ့လား ၊

အော် လူတွေကို ညှာတာသနားတက်တဲ့ အစိုးရအုပ်ချုပ်တဲ့နိုင်ငံဆိုတော့ ပြီးတော့စက်ရုံသူဌေးကလဲ မြန်မာဆိုတာငါ မသိဘူးတဲ့ ဒေါ်အောင်ဆန်းစု ကြည်အကြောင်းဖတ်ပြီး

မင်းတို့တွေကိုခေါ်တာတဲ့ ၊အမေစုရယ် စာရေးနေရင်းတောင် စိတ်ထဲမကောင်းဘူး

ကိုရီယားရဲတွေကိုပြန်ပြောဖို့စကားတွေအများကြီးရှိပေမယ့် စကားကသိပ်မကျွမ်းကျင် တော့ ၊ကျေးဇူး အများကြီးတင်ပါတယ်လို့ဘဲ၊ပြောလိုက်ရတယ်

အဲ့တာတောင် သူတို့ကူညီမဲ့လူတွေကလဲ ကျေးဇူးတင်ပါတယ်တောင်ပြန်ပြောသွားသေးတယ် ကိုယ့်နိုင်ငံနဲ့ကွာပါ့။

LEAVE A REPLY

Please enter your comment!
Please enter your name here