ဒီမိုကရေစီ လိုချင်ရင် မီတာခကို အရင်ဆောင်ပြီးမှ ဒီမိုကရေစီ အကြောင်းပြောကြပါရန် ဗိုလ်ချုပ် ဇော်မင်းထွန်းမှပြောကြား

154

ကိုဗစ်ကာလ NLD အစိုးရလက်ထက် က နိုင်ငံသူ နိုင်ငံသားများ အဆင်ပြေစေရန်အတွက် မီတာခ များကို လျှော့ပေါ့ ကောက်ခံ ကင်းလွတ်ခွင့်များ ပေးခဲ့ကြသည်။

ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းမှာ ကိုဗစ်ကာလ စီးပွားရေးအဆင်မပြေမှု့ကြောင့် NLDအစိုးရမှ စေတနာရှေ့ထားပြီး ပြုလုပ်ခဲ့ခြင်းသာဖြစ်ပါတယ်အာဏာသိမ်းစကစ အာဏာစသိမ်းလိုက်တဲ့နေ့ကစလို့ အခုချိန်ထိ ပြည်သူများက တက်ညီလက်ညီ မီတာမဆောင်ကြပဲ မီတာမဆောင်ခြင်း သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ထိုသို့ ပြုလုပ်ရခြင်းမှာလဲ စစ်ကောင်စီကို လက်မခံခြင်း မိမိတို့ ရွေးချယ်မဲပေးခဲ့ကြသည့် အရပ်သားစစ်စစ် အစိုးရကို မတရားဖမ်းစီးပြီး ပြည်သူများကို အသက်သေဆုံးသည်အထိဖမ်းစီး နှိပ်ဆက် သတ်ဖြတ်ခဲ့ကြသဖြင့် မကျေနပ်ချက်များဖြစ်ပေါ်ကာ မိမိတို့ တက်နိုင်သည့်ဘက်က ဆန္ဒပြ သပိတ်မှောက်ခဲ့ကြခြင်းလဲဖြစ်ပါတယ်။

ထိုသို့ပြုလုပ်ခဲ့ကြသဖြင့် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ များစွာ အကျပ်အတည်းတစ်ခုဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပါတယ်နောက်ပိုင်းတွေမှာ စကစ အနေနဲ့ မီတာခမဆောင်သည့် အိမ်များကိုအိမ်တိုင်ရာရောက် မီတာကောက်ခံခြင်း မီတာမဆောင်ပါက ချက်ခြင်း မီးဖျက်ခြင်း များကို လက်နက်ကိုင် စခ ရခ များခြံရံပြီး ရပ်ကွက်ထဲ လိုက်လံ၍ မီးများဖြတ်တောက်ခဲ့ကြလေသည်မည်သို့ ပင် ပြုလုပ်နေပါစေ ပြည်သူများကတော့ မီတာဆောင်ခြင်းကိုအားမပေးသည့်အပြင်စစ်ကောင်စီ အလိုကျ လိုက်လံမလုပ်ဆောင်ခြင်းများလဲ ပိုလို့ များပြားလာခဲ့ကြပါတယ်

ထိုကိစ္စနှင့်ပါတ်သတ်ပြီး စကစ၏သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုယ်တိုင်က အခုလို ပြောဆိုလာခဲ့ပါတယ်ဒီမိုကရေစီ လိုချင်ရင် မီတာခကို အရင်ပေးဆောင်ပြီးမှ ပြောကြရန်နှင့် မီတာခ ပေးဆောင်ရမည်မှာ နိုင်ငံသားတိုင်း အတွက် အထူးပင်တာဝန်ရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here