ဒီပါဝလီနေ့ကို ပွဲတော်မလုပ်ဘဲ တိုးတိုးတိတ်တိတ်သာ ကျင်းပ

76

နိုဝင်ဘာလ ၄ ရက်မှာ ကျရောက်ခဲ့တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ဒီပါဝလီနေ့ မီးထွန်းပွဲတော်ကို ရခိုင်ပြည်နယ်မှာ တိုးတိုးတိတ်တိတ်သာပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေးအခြေအနေအရ ပွဲတော်အဖြစ် ကျင်းပကြတာမဟုတ်ဘဲ ဘာသာရေးအစဉ်အလာအရ မီးထွန်းပူဇော်မှုသာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ဒီပါဝလီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ပွဲတော်တွေထဲက အထင်ရှားဆုံးပွဲတော် တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဆောင်းဦးရာသီအချိန်မှာ ကျင်းပပြုလုပ်ကြပါတယ်။

 

 

ပွဲတော်ကျင်းပတဲ့ကာလအတွင်း ဘုရားကျောင်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေမှာ မီးများကို လှပစွာ ထွန်းညှိကြလေ့ရှိပါတယ်။ယခုနှစ်ကျရောက်သောပွဲတော်နေ့ကိုမြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် ပွဲတော်အဖြစ် မကျင်းပဖို့ ဟိန္ဒူဘာသာရေးအဖွဲ့ကြီးက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here