ဒါရိုက်တာ ကိုပေါက်ရေးဆွဲထားတဲ့ ဖမ်းဆီးခံ အနုပညာရှင်များရဲ့ ပုံတူပန်းချီများ

96

စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတဲ့ ဒါရိုက်တာကိုပေါက်ဟာ လုပ်ဖော်ကိုင်ဖက် ဖမ်းဆီးခံအနုပညာရှင်များကိုသတိရခြင်းအားဖြင့် သူတို့ရဲ့ပုံရိပ်များကို ပုံတူပန်းချီအဖြစ် ဖန်တီးခဲ့ပါတယ်။

“တယောက်က အစ်ကိုလို ၊ တယောက်က သူငယ်ချင်း ၊ တယောက်က ညီမလို ၊ တယောက်က ညီလို ၊ တလှေထဲစီး တခရီးထဲသွားကြရင်း ခရီးတထောက်မှာ သူတို့တွေ ဒဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့ကြတယ်။

ဒီနေ့သူတို့တွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများ” လို့ ဒါရိုက်တာကိုပေါက်က ပြောပါတယ်။

သူတို့တွေကတော့ လူမင်း ၊ ပြေတီဦး အိန္ဒြာကျော်ဇင် ၊ ပိုင်တံခွန်တို့ရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။ သူတို့ဟာစစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရသည်မှာ ၅လကျော် ၆လနီးပါး ရှိလို့နေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here