ထြက္ေျပးတိမ္ေရွာင္ေနရတာမုိ႔ မေတြ႕တာၾကာၿပီျဖစ္တဲ့ သူမရဲ႕ မိသားစုဝင္ေတြကို အရမ္းသတိရေနတဲ့အေၾကာင္းရင္ဖြင့္လာတဲ့ ေအးျမတ္သူ

93

ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ မွန္ကန္တဲ့ဘက္ကေန ရပ္တည္ခဲ့ၾကတဲ့အႏုပညာရွင္မ်ားထဲတြင္ သ႐ုပ္ေဆာင္ ေအးျမတ္သူလည္း တစ္ေယာက္အပါအဝင္ပဲ ျဖစ္ပါတယ္။

ေန႔စဥ္လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ေတြကိုလည္း ထုတ္ေဖာ္ျပသခဲ့ၿပီး လိုအပ္တဲ့ေနရာေတြကိုလည္း တတ္ႏိုင္သေလာက္ လႉဒါန္းမႈေတြ ပါဝင္ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။ အခုလို ဓမၼဘက္ကေန ရပ္တည္ေပးခဲ့တာေၾကာင့္ေအးျမတ္သူအား ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူထားတာ ျဖစ္ပါတယ္။

အေရးယူခံထားရတဲ့ အႏုပညာရွင္မ်ားကေတာ့ သူတို႔ရဲ႕ လုံၿခဳံမႈအတြက္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနၾကရတာျဖစ္ပါတယ္။သို႔ေသာ္လည္း အမွန္တရားအတြက္ ေရာက္ရာေနရာကေန ေတာ္လွန္တိုက္ပြဲဝင္ေနၾကဆဲ ျဖစ္ပါတယ္

ပရိသတ္မ်ားကလည္းသူတို႔ခ်စ္ခင္အားေပးခဲ့ရတဲ့ အႏုပညာရွင္ေတြ အခုလိုတိမ္းေရွာင္ေနရတဲ့အတြက္စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္။ မေန႔ညက ေအးျမတ္သူရဲ႕Instagram Story တြင္ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ သူမရဲ႕ မိသားစုဝင္ပုံေလးကို တင္ထားကာ သတိရေနတဲ့အေၾကာင္း “ Missing….” ဆိုၿပီးေရးသားထားတာ ျဖစ္ပါတယ္။မိသားစုကို အရိပ္တၾကည့္ၾကည့္နဲ႔ အၿမဲဂ႐ုစိုက္တတ္တဲ့ မျမတ္ေလးတစ္ေယာက္ သူမခ်စ္ရတဲ့သူေတြနဲ႔ အခုလိုအခ်ိန္အၾကာႀကီးခြဲခြာေနရတာေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ေနမွာ ေသခ်ာပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ မိသားစုေတြနဲ႔ခြဲခြာၿပီးတိမ္းေရွာင္ေနရသူမ်ားအားလုံး အျမန္ဆုံး ျပန္လည္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ရပါတယ္။

Unicode

ထွက်ပြေးတိမ်ရှောင်နေရတာမို့ မတွေ့တာကြာပြီဖြစ်တဲ့ သူမရဲ့ မိသားစုဝင်တွေကို အရမ်းသတိရနေတဲ့အကြောင်းရင်ဖွင့်လာတဲ့ အေးမြတ်သူ..

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ခဲ့ကြတဲ့အနုပညာရှင်များထဲတွင် သရုပ်ဆောင် အေးမြတ်သူလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။

နေ့စဉ်လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး လိုအပ်တဲ့နေရာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့တာကြောင့်အေးမြတ်သူအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။

အရေးယူခံထားရတဲ့ အနုပညာရှင်များကတော့ သူတို့ရဲ့ လုံခြုံမှုအတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။သို့သော်လည်း အမှန်တရားအတွက် ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်

ပရိသတ်များကလည်းသူတို့ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တွေ အခုလိုတိမ်းရှောင်နေရတဲ့အတွက်စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။ မနေ့ညက အေးမြတ်သူရဲ့Instagram Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမရဲ့ မိသားစုဝင်ပုံလေးကို တင်ထားကာ သတိရနေတဲ့အကြောင်း “ Missing….” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။မိသားစုကို အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်တတ်တဲ့ မမြတ်လေးတစ်ယောက် သူမချစ်ရတဲ့သူတွေနဲ့ အခုလိုအချိန်အကြာကြီးခွဲခွာနေရတာတော်တော်လေးကို စိတ်မကောင်းဖြစ်နေမှာ သေချာပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် မိသားစုတွေနဲ့ခွဲခွာပြီးတိမ်းရှောင်နေရသူများအားလုံး အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here