ထီးချိုင့်မြို့နယ်တွင်းမှ ဒေသခံအချို့ စစ်ကောင်စီ၏ ဒလန်မဟုတ်ကြောင်း စာထုတ်အသိပေး

186

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်းမှ ဒေသခံအချို့သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ရှင်းလင်းမှုကို ခံရမည် စိုးသဖြင့် စစ်ကောင်စီ၏ သတင်းပေး (ဒလန်) အဖြစ် လုပ်ဆောင်ခြင်း မရှိပါကြောင်း ကြေညာချက်များ ထုတ်ကာ ဒေသခံများကြား ဖြန့်ဝေနေသည်ဟု သတင်းရရှိသည်။

ဒေသခံအမျိုးသမီးတဦးက “ဒလန်ဆိုပြီး ရွာထဲ နာမည်ထွက်နေတဲ့ သူတွေက ကြောက်လို့ သူတို့ ဒလန် မလုပ်ဘူး ဆိုတာကို စာထုတ်ကြတာ ။ ထုတ်ပြီးတော့ လူအများသိအောင်ရော၊ ပြည်သူ့တပ်တွေ သိအောင်ရော လူမှုကွန်ရက်မှာ ဖြန့်တယ်။ ရွာက လူတွေရှိတဲ့ Group တွေထဲ ဖြန့်တယ်” ဟု ပြောသည်။

အောက်တိုဘာ ၄ ရက်တွင် ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြကျေးရွာမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တဦးနှင့် ဒေသခံ ၁ ဦး၊ ကမ်းနီကျေးရွာမှ ဒေသခံ ၁ ဦးတို့သည် ၎င်းတို့ အနေဖြင့် စစ်ကောင်စီထံသို့ ဒလန်လုပ်ခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေး သတင်းယူလုပ်ခြင်း မရှိပါကြောင်း အများပြည်သူ သိစေရန် ကြေညာပါသည် ဟူ၍ စာများ ထုတ်ပြန်ထားခြင်း ဖြစ်သည်။ထီးချိုင့် PDF သည် စစ်ကောင်စီ၏ သတင်းပေး (ဒလန်) လုပ်သူများကို ရှင်းလင်းမည်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလတွင် စစ်ကောင်စီအတွက် သတင်းပေးလုပ်သူ ဦးရေ ၂၀ ကိုလည်း နှိမ်နင်းထားကြောင်း စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here