တ႐ုတ္ ေလယာဥ္ (၁၉) စင္း ထိုင္ဝမ္ေလပိုင္နက္ထဲဝင္ေရာက္လာ၍ တိုက္ေလယာဥ္မ်ား အေရးေပၚ လႊတ္တင္ခဲ့ရ

304

ယမန္ေန႔ စက္္တင္ဘာ ၅ ရက္ ေန႔က တ႐ုတ္ႏိုင္ငံမွ ေလယာဥ္ (၁၉) စင္း ထိုင္ဝမ္ေလပိုင္နက္ထဲကို ဝင္ေရာက္လာခဲ့သည့္အတြက္ တိုက္ေလယာဥ္မ်ား အေရးေပၚ ေစလႊတ္ခဲ့ရသည္ဟု ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

တ႐ုတ္မွ ေလယာဥ္မ်ားတြင္ Y-8 အမ်ိဳးအစား ေရငုပ္ေဘၤာေထာက္လွမ္းဖ်က္ဆီးသည့္ ေလယာဥ္တစ္စင္း အပါအဝင္၊ န်ဴကလီးယားလက္နက္မ်ားတင္ေဆာင္ႏိုင္သည့္ H-6 အမ်ိဳးအစား ေလယာဥ္ ၄ စင္း၊ J-16 အမ်ိဳးအစား 10 စင္း၊ SU-30 အမ်ိဳးအစား ၄ စင္း တို႔ ပါဝင္ၿပီး၊ ထိုင္ဝမ္ေတာင္ဘက္စြန္းရွိ ေလေၾကာင္းကာကြယ္ေရး နယ္္ပယ္ထဲသို႔ ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္ဟု ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးက Twitter မွ တဆင့္ ထုတ္ေဖာ္ေျပာခဲ့သည္။

တ႐ုတ္ေလယာဥ္မ်ားကို ေထာက္လွမ္းမိၿပီး မၾကာမွီပင္ ထိုင္ဝမ္မွ ေလေၾကာင္းကင္းလွဥ့္အဖြဲ႕မ်ား ေစလႊတ္ခဲ့ၿပီး၊ ေလယာဥ္ပစ္ခ်သည့္ ဒုံးက်ည္စနစ္ကိုလည္း အဆင္သင့္ျပင္၍ တ႐ုတ္ေလယာဥ္မ်ား၏ အေျခအေနကို ေစာင့္ၾကည့္ေနခဲ့သည္ဟု ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးမွ ေျပာခဲ့သည္။

ထို႔အျပင္ စေနေန႔ စက္တင္ဘာ (၄) ရက္ေန႔ကလည္း တ႐ုတ္တိုက္ေလယာဥ္ေလးစင္း ထိုင္ဝမ္ေလပိုင္နက္ထဲ ဝင္ေရာက္ခဲ့ေသးေၾကာင္း သိရသည္။

တ႐ုတ္ျပည္မွ ထိုင္ဝမ္ပိုင္နက္ကို က်ဴးေက်ာ္မႈမ်ား ဆိုးဆိုး႐ြား႐ြားက်ဴးလြန္လ်က္ရွိၿပီး၊ ထိုင္ဝမ္၏ အခ်ဳပ္အျခာအာဏာကို ၎တို႔ပိုင္ေၾကာင္း အခိုင္အမာ ေျပာဆိုလ်က္ရွိျခင္း ျဖစ္သည္။ ထိုင္ဝမ္ႏိုင္ငံသည္ တ႐ုတ္ျပည္မႀကီး၏ ေတာင္ဘက္စြန္းပိုင္းတြင္ တည္ရွိေသာ ကြၽန္းစြယ္ႏိုင္ငံျဖစ္ၿပီး လူေပါင္း (၂၄) သန္းခန္႔ေနထိုင္သည့္ ဒီမိုကေရစီႏိုင္ငံျဖစ္ၿပီး၊ ႏွစ္ေပါင္း (၇၀) ေက်ာ္ၾကာေအာင္ သီးျခားအုပ္ခ်ဳပ္ေရးအစိုးရႏွင့္ ေနထိုင္လာၾကျခင္း ျဖစ္သည္။

HTY Information

Unicode

ယမန်နေ့ စက််တင်ဘာ ၅ ရက် နေ့က တရုတ်နိုင်ငံမှ လေယာဉ် (၁၉) စင်း ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်ရောက်လာခဲ့သည့်အတွက် တိုက်လေယာဉ်များ အရေးပေါ် စေလွှတ်ခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်မှ လေယာဉ်များတွင် Y-8 အမျိုးအစား ရေငုပ်င်္ဘောထောက်လှမ်းဖျက်ဆီးသည့် လေယာဉ်တစ်စင်း အပါအဝင်၊ နျူကလီးယားလက်နက်များတင်ဆောင်နိုင်သည့် H-6 အမျိုးအစား လေယာဉ် ၄ စင်း၊ J-16 အမျိုးအစား 10 စင်း၊ SU-30 အမျိုးအစား ၄ စင်း တို့ ပါဝင်ပြီး၊ ထိုင်ဝမ်တောင်ဘက်စွန်းရှိ လေကြောင်းကာကွယ်ရေး နယ််ပယ်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက Twitter မှ တဆင့် ထုတ်ဖော်ပြောခဲ့သည်။

တရုတ်လေယာဉ်များကို ထောက်လှမ်းမိပြီး မကြာမှီပင် ထိုင်ဝမ်မှ လေကြောင်းကင်းလှဉ့်အဖွဲ့များ စေလွှတ်ခဲ့ပြီး၊ လေယာဉ်ပစ်ချသည့် ဒုံးကျည်စနစ်ကိုလည်း အဆင်သင့်ပြင်၍ တရုတ်လေယာဉ်များ၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးမှ ပြောခဲ့သည်။
ထို့အပြင် စနေနေ့ စက်တင်ဘာ (၄) ရက်နေ့ကလည်း တရုတ်တိုက်လေယာဉ်လေးစင်း ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့သေးကြောင်း သိရသည်။

တရုတ်ပြည်မှ ထိုင်ဝမ်ပိုင်နက်ကို ကျူးကျော်မှုများ ဆိုးဆိုးရွားရွားကျူးလွန်လျက်ရှိပြီး၊ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ၎င်းတို့ပိုင်ကြောင်း အခိုင်အမာ ပြောဆိုလျက်ရှိခြင်း ဖြစ်သည်။ ထိုင်ဝမ်နိုင်ငံသည် တရုတ်ပြည်မကြီး၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသော ကျွန်းစွယ်နိုင်ငံဖြစ်ပြီး လူပေါင်း (၂၄) သန်းခန့်နေထိုင်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး၊ နှစ်ပေါင်း (၇၀) ကျော်ကြာအောင် သီးခြားအုပ်ချုပ်ရေးအစိုးရနှင့် နေထိုင်လာကြခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here