တရုတ်နှင့် ရုရှားတို့၏ ကိုဗစ်ကာကွယ်ဆေးထိုးထားသူများကို ခရီးသွား ပြည်ဝင်ခွင့်မပေးရန် အမေရိကန်နှင့် ဥရောပနိုင်ငံများ ဆုံးဖြတ်

187

တရုတ်နှင့် ရုရှားတို့၏ ကိုဗစ်ကာကွယ်ဆေးထိုးထားသူများကို ခရီးသွား ပြည်ဝင်ခွင့်မပေးရန် အမေရိကန်နှင့် ဥရောပနိုင်ငံများ ဆုံးဖြတ်

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ တရုတ်နဲ့ ရုရှားကထုတ်ထဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေကို ခရီးသွား ပြည်ဝင်ခွင့်မပေးဖို့ ဆုံးဖြတ်ထားကြောင်း သိရှိရပါတယ်။

အိုက်စလန်နိုင်ငံဟာ ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေကို ပြည်ဝင်ခွင့်ပေးမှာမဟုတ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

လက်ရှိမှာ လူအများစုက ကိုယ့်နိုင်ငံဆီတင်သွင်းလာတဲ့ ကာကွယ်ဆေးကိုသာ အားပြုထိုးနှံနေရပြီး ဟောင်ကောင်မှာတော့ တရုတ်ကထုတ်တဲ့ ဆီနိုဗက်နဲ့ ဂျာမနီနဲ့ အမေရိကန် ပူးတွဲထုတ်လုပ်တဲ့ ဖိုင်ဇာ-ဘိုင်အွန် တက်ဆေးတို့ကို ရနိုင်ကြောင်း သိရှိရပါတယ်။

အနာဂတ်ကာလ နိုင်ငံတကာခရီးသွားလာရေးလုပ်ငန်းစဉ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း ထောက်ခံချက်ဟာလည်း အရေးပါလာတော့မှာဖြစ်ပြီး တရုတ်ကထုတ်တဲ့ ဆီနိုဗက် ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံ တစ်ခုတည်းကသာ အသိအမှတ်ပြုထားပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ သူတို့ အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးအမျိုးအစားကို ထိုးနှံထားတာမျိုး မရှိဘူးဆိုရင် ပြည်ဝင်ခွင့်ပယ်ဖျက်မှာဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို စိတ်ချရတဲ့ဆေးအဖြစ် အမေရိကန်နဲ့ ဥရောပအသိုင်းအဝိုင်းက လက်ခံခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံသားအများစုဟာ စီးပွားရေးကိစ္စ၊ ပညာရေးကိစ္စနဲ့ အလည်အပတ်ခရီးတွေအတွက် နိုင်ငံရပ်ခြားဆီ မကြာခဏ သွားရောက်ကြလေ့ရှိပြီး လက်ရှိမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဆီ သွားရောက်လိုသူ တရုတ်နိုင်ငံသားတွေဟာ ဖိုင်ဇာနဲ့ ဘိုင်အွန်တက်တို့ကထုတ်တဲ့ဆေးကို မဖြစ်မနေ ထိုးကြရတော့မှာပဲဖြစ်ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – South China Morning Post

LEAVE A REPLY

Please enter your comment!
Please enter your name here