တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်းမှုကြောင့် ကာချုပ်အာဏာသိမ်းဖြစ်ကြောင်း ပေါက်ကြား

346

တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်းမှု့ကြောင့် ကာချုပ်အာဏာသိမ်းဖြစ်ကြောင်း ပေါက်ကြား

ဝမ်ယိက မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုပြောတဲ့ စကားလုံးအတိအကျနဲ့ပါ အပြင်ကိုပေါက်ထွက်လာတယ် …

အဲ့ဒါက ရခိုင်အရေးနဲ့ပတ်သက်လို့ ICJ ခုံရုံးအတင်ခံရရင် ကာကွယ်ရေးဦးစီးချုပ်ကို အကာအကွယ်ပေးဖို့ခက်တယ်ဆိုတဲ့အကြောင်း၊ အာဏာသိမ်းလိုက်ရင်တော့ အပြည့်အဝ အကာအကွယ်ပေးနိုင်ပါတယ်ဆိုတဲ့ သွေးထိုးစကားပဲ …

ဝမ်ယိရဲ့ သွေးထိုးစကား သတင်းဟာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မြထွန်းဦးဆီကနေ နိုင်ငံတကာသံတမန်တွေဆီကိုရောက်လာတာလို့ မခိုင်လုံသတင်းအနေနဲ့ထွက်နေတယ် …

မြန်မာပြည်မှာ အမေရိကန် နဲ့ တရုတ် တို့ Proxy War အဖြစ် လက်ရည်စမ်းချင်နေကြပြီ စစ်ဖြစ်တော့မည်လို့ ခန့်မှန်း
၁၂/၀၁/၂၁ ဝမ်ယိနဲ့ကာချုပ်တွေ့ဆုံပွဲ ပေါက်ကြားလို့ UN လုံခြုံရေးကောင်စီမှာ ဗီတိုမထုတ်နိုင်တဲ့အကြောင်း
ဒီပေါက်ကြားမှုရဲ့ နောက်ဆက်တွဲကတော့ ဆန္ဒပြပြည်သူတွေကို ကိုင်တွယ်ပုံပဲ၊ UN, US နဲ့ တကမ္ဘာလုံးကစောင့်ကြည့်နေကြပြီ၊

အင်မတန်ကို အရေးကြီးတဲ့အချိန်ကိုရောက်နေပြီဆိုနိုင်မယ်၊

၂၀၂၀ မြန်မာရွေးကောက်ပွဲအပြီး အူယားဖားယား အမြန်ပြေးလာတာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖြစ်တယ် …
ရွေးကောက်ပွဲအောင်မြင်မှုကို ဂုဏ်ပြုကြောင်းနဲ့ ရှေ့ဆက်မယ့် တရုတ် မြန်မာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုကြတယ် …

ဝမ်ယိဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း သီးခြားတွေ့ဆုံခဲ့သေးတယ် …
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ လင်းအားကြီးအချိန်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုခေါင်းစဉ်တပ်ပြီး စစ်အာဏာသိမ်းလိုက်တယ် …

ဒါကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေကိုကြည့်ရင် သိရှိပြီးဖြစ်မှာပါ …
မြန်မာပြည်မှာ စစ်အာဏာသိမ်းလိုက်ပြီဆိုတော့ ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြပြီ …

အခါဆုံးအရမ်းဆုံးကတော့ ဂျပန်ပဲ …
နိုင်ငံတကာသတင်းမီဒီယာတွေမှာ လတ်တလောဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါသတင်းက မှေးမှိန်ပြီး မြန်မာရဲ့စစ်အာဏာသိမ်းမှုသတင်းကို တရှိန်ထိုးစိတ်ဝင်စားလာကြတယ် …

ကမ္ဘာ့သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာရဲ့ဝေဖန်ချက်ကို အရင်ဦးဆုံး ပြောင်းပြန်ကြီးတုန့်ပြန်လိုက်တာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝှမ်ဘင် Weng Wenbin ပါ …

မြန်မာပြည်မှာ စစ်အာဏာသိမ်းတာမဟုတ်ဘဲ အစိုးရအပြောင်းအလဲဖြစ်ရုံလေးပါလို့ပြောတာလည်း အဲ့ဒီ ဝမ်ဝှမ်ဘင် Weng Wenbin ပါပဲ …

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ မြန်မာကိစ္စအတွက် နိုင်ငံတကာသတင်းထောက်တွေရှေ့ကို ထွက်မလာရဲဘူး …
မြန်မာစစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂဟာ လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံးခေါ်ယူနိုင်အောင်ကြိုးစားခဲ့တယ် …

တကယ်လည်း အရမ်းမြန်ခဲ့တယ် …
လုံခြုံရေးကောင်စီမှာ ဗီတိုသုံးနိုင်တဲ့ အင်အားကြီးငါးနိုင်ငံကလည်း တံခါးပိတ်အစည်းအဝေး သီးသန့်လုပ်တယ် …
လုံခြုံရေးကောင်စီအစည်းအဝေးမှာ တိကျတဲ့ကြေညာချက်နဲ့ တောင်းဆိုချက်တွေထုတ်ပြန်ဖို့ ညှိနှိုင်းမရခဲ့ဘူး …
တရုတ်နဲ့ ရုရှားက မြန်မာအရေးနဲ့ပတ်သက်လို့ အချိန်ယူလေ့လာရဦးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အချိန်ဆွဲထားတာကြောင့်ပဲ …

ဗီတိုအာဏာတော့ မသုံးခဲ့ဘူး …
ဗီတိုအာဏာ ငါးနိုင်ငံ တံခါးပိတ်အစည်းအဝေးအပြီးမှာ တရုတ်ရဲ့တိုက်တွန်းချက်ကြောင့် မြန်မာမှာ စစ်အာဏာသိမ်းလိုက်တာဆိုတဲ့ စွပ်စွဲချက်တွေ လှိုင်လှိုင်ထွက်လာတယ် …

တရုတ်က မြန်မာစစ်အုပ်စုကိုအာဏာသိမ်းဖို့ သွေးထိုးခဲ့တယ်လို့ ပြောဆိုနေတာတွေဟာ မှားယွင်းတဲ့ဝေဖန်ပြောဆိုမှုတွေပါလို့ ဝမ်ဝှမ်ဘင် Weng Wenbin ခမျာ သတင်းထောက်တွေရဲ့အမေးကို တွင်တွင်ငြင်းခဲ့ရတယ် …

ကုလတံခါးပိတ်အစည်းအဝေးရဲ့ အချက်အလက်တွေ အပြင်ကိုပေါက်ကြားသွားတာကိုလည်း စိတ်ပျက်မိကြောင်းပြောလိုက်သေးတယ် …

ရက်ပိုင်းအကြာမှာတော့ တရုတ်နဲ့ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်တောင်းဆိုချက်ကို ဗီတိုအာဏာမသုံး၊ အချိန်မဆွဲတော့ဘဲ လက်မှတ်ရေးထိုး သဘောတူပေးလိုက်ရတယ် …

ဒါတောင်မှ အာဏာသိမ်းတယ်ဆိုတဲ့အသုံးအနှုန်းကိုရှောင်ရှားရေးသားထုတ်ပြန်ဖို့ တောင်းဆိုခဲ့သေးတယ် …
ဒီထုတ်ပြန်တောင်းဆိုချက်မှာ တရုတ်နဲ့ရုရှား အဓိကကျကျ သဘောတူပေးလိုက်ရတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို “ချက်ချင်းလွှတ်ပေးရမယ်” ဆိုတဲ့ အချက်ပဲဖြစ်တယ် …

“ချက်ချင်းလွှတ်ပေးရမယ်” ဆိုတဲ့ တောင်းဆိုချက်ဟာ နိုင်ငံတကာ သံတမန်ဆက်ဆံရေးစကားလုံးအရ တိကျပြင်းထန်ပြီး ဖိအားတွေပါနေတာကို ဖော်ပြလိုက်တာပါပဲ …

တနည်းအားဖြင့် ရာဇသံပါတဲ့ အသုံးအနှုန်းလည်းဖြစ်တယ် …

ဒါဟာ ကုလလုံခြုံရေးကောင်စီ ဆယ့်ငါးနိုင်ငံရဲ့ တသဘောတည်းတူညီတဲ့ တောင်းဆိုချက်တွေဖြစ်တယ် …
ကျနော်တို့ဟာ လုံခြုံရေးကောင်စီရဲ့တောင်းဆိုချက်တွေအတိုင်း မျက်ခြေပြတ်မခံဘဲ ဆုပ်ကိုင်တောင်းဆိုကြဖို့လိုပါတယ် …
မြန်မာပြည်သူလူထုအများစုရဲ့ ဘုံလိုလားချက်လည်းဖြစ်ပါတယ် …

မြန်မာပြည်သူတွေရဲ့လိုလားချက်နဲ့ ကုလလုံခြုံရေးကောင်စီက အာမခံထုတ်ပြန်တောင်းဆိုထားချက်တွေအတိုင်း ဖိအားပေါင်းစုံ နည်းလမ်းပေါင်းစုံသုံးပြီး တောင်းဆိုကြရမှာဖြစ်တယ် …

ဒီတောင်းဆိုချက်တွေ တောင်းဆိုလို့ ကျနော်တို့ကို ဖိနှိပ် ပစ်ခတ် သတ်ဖြတ်လာခဲ့ရင် လုံခြုံရေးကောင်စီရဲ့ အကာအကွယ်ကို ကျိန်းသေရမှာဖြစ်တယ် …

ရလည်း ရရမယ် …

စစ်ပွဲတွေဖြစ်လာမှာလားဆိုတဲ့ အကြောင်းကိုပြန်ဆက်ရရင် ဖြစ်လာနိုင်တယ်လို့ပဲ ပြောချင်တယ် …
ရှေ့ဆုံးမှာပြောခဲ့တဲ့ အချက်ငါးချက်ကိုပြန်ကောက်ရတော့မယ် …

တရုတ်ရဲ့ အာရှခါးပတ်စီမံကိန်းအတွက် အဓိကကျတဲ့မြန်မာအပေါ် သူ့ရဲ့ဩဇာခိုင်မာနေဖို့လိုတယ် …
တရုတ်ဟာ သူ့ရဲ့နောက်ဖေးထွက်ပေါက်ကို ခိုင်မာအောင်လုပ်ဖို့လိုအပ်နေတယ် …

အမေရိကန်နဲ့အနောက်စု (ဂျပန်အပါအဝင်) တို့က တရုတ်ရဲ့ မြန်မာအတွင်းခြေလှမ်းတွေကို ချေဖျက်ဖို့ကြိုးစားနေရတယ် …

ဂျပန်က ဒီအာဏာသိမ်းမှုကို ပြေလည်အောင်မရှင်းနိုင်ရင် တရုတ်ရဲ့ဒေသတွင်းလွှမ်းမိုးမှုဩဇာက ပိုကြီးသွားလိမ့်မယ်လို့ စိုးရိမ်တကြီးပြောတယ် …

တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ ဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန် ဗြိတိန်တို့ရဲ့စစ်ရေးဖိအားတွေကို လျှော့ချချင်နေတယ် …

စစ်ပွဲကို လမ်းလွှဲဖို့လည်းလိုအပ်နေတယ် …

ကိုဗစ်ကြောင့် တက်ရိပ်များနေတဲ့ဖိအားတွေကို လမ်းကြောင်းပြောင်းဖို့လည်းလိုအပ်နေတယ် …
ဒီအချက်တွေကြောင့် မြန်မာစစ်အုပ်စုကို အာဏာသိမ်းခိုင်းလိုက်တာလို့ အတိအကျစွပ်စွဲလို့ရတယ် …

နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ သံတမန်အသိုင်းအဝန်းမှာလည်း ဒါကိုပဲ ပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ် …
ဘာလို့ဒီလိုလုပ်ရတာလဲ …

အဖြေက တောင်တရုတ်ပင်လယ်မှာ အမေရိကန်နဲ့ ဒဲ့ကျကျစစ်မဖြစ်ချင်ဘူး …

မြန်မာကိုကြားခံပြီး Proxy စစ်ပွဲအနေနဲ့ပဲ လက်ရည်စမ်းချင်ပုံရတယ် …
ဒါကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ အမြဲတမ်း ဗီတိုကိုင်ခဲ့တဲ့တရုတ်ဟာ ဒီပွဲမှာတော့ မြန်မာ

စစ်အာဏာသိမ်းအုပ်စုကို ပြောင်ကျကျရောင်းစားပစ်လိုက်တယ် …
လုံခြုံရေးကောင်စီမှာ ဆယ့်ငါးနိုင်ငံလုံး ဒီလိုမြန်မြန်ဆန်ဆန်သဘောတူတဲ့ကိစ္စ အင်မတန်ရှားတယ် …

ဒီလို ရာဇသံဆန်တဲ့ကြေညာချက်မျိုးထွက်လာဖို့ အင်မတန်ခက်ခဲတယ် …
ဒါပေမယ့် အခု တောင်းဆိုကြေညာချက်ထွက်လာတယ် …

ဒါကြောင့် တရုတ်ဟာ စစ်အာဏာသိမ်းတဲ့အုပ်စုကို ထိုးကျွေးခဲ့ပြီလို့ပြောနိုင်တာ …
ထိုးမကျွေးလို့လည်း မရတော့ဘူး …

ကုလတံခါးပိတ်အစည်းအဝေးမှာ တရုတ်က အာဏာသိမ်းခိုင်းတဲ့အကြောင်း အချက်အလက်အတိအကျနဲ့ ရုရှားမပါတဲ့ အခြားဗီတိုသုံးနိုင်ငံက ထောက်ပြခဲ့ကြတယ် …

အဲ့ဒီသတင်းက အပြင်ကိုပေါက်ထွက်လာတယ် …

ဝမ်ယိက မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုပြောတဲ့ စကားလုံးအတိအကျနဲ့ပါ အပြင်ကိုပေါက်ထွက်လာတယ် …
အဲ့ဒါက ရခိုင်အရေးနဲ့ပတ်သက်လို့ ICJ ခုံရုံးအတင်ခံရရင် ကာကွယ်ရေးဦးစီးချုပ်ကို အကာအကွယ်ပေးဖို့ခက်တယ်ဆိုတဲ့

အကြောင်း၊ အာဏာသိမ်းလိုက်ရင်တော့ အပြည့်အဝ အကာအကွယ်ပေးနိုင်ပါတယ်ဆိုတဲ့ သွေးထိုးစကားပဲ …
ဝမ်ယိရဲ့ သွေးထိုးစကား သတင်းဟာ တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင် တစ်ဦးဦးဆီကနေ နိုင်ငံတကာသံတမန်တွေဆီကိုရောက်လာတာလို့ မခိုင်လုံသတင်းအနေနဲ့ထွက်နေတယ် …

အခုထပ်ကြားနေရတာက ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အကျယ်ချုပ်ချထားတာ သို့မဟုတ် အရေးမပါတဲ့နေရာမှာတာဝန်ပေး ရွှေ့ထားပြီး စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေတယ် …

အဲ့ဒီ ဝမ်ယိကိစ္စ ဆက်စပ်မှုကြောင့်များလားတော့ အသေအချာမသိပါ …

စစ်အာဏာသိမ်းအုပ်စုတွေရဲ့ မိသားစုဝင်တွေဟာ တရုတ်ကိုမယုံကြတော့လို့ ရုရှားကိုပြောင်းပြီး နေထိုင်နေကြတယ်လို့ ရုရှားကွန်ယက်သတင်းတွေအရသိရတယ် …

စစ်ဖြစ်လာမယ်လို့ပြောတာ ဘာကြောင့်လဲ …

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတားရပ်စ်က မြန်မာစစ်အာဏာသိမ်းမှုကို သူတတ်နိုင်တဲ့နည်းလမ်းပေါင်းစုံသုံးပြီး မအောင်မြင်အောင် ဖျက်ဆီးမယ်လို့ ပြောထားတယ် …

ဒါဟာ ကုလအတွင်းရေးမှူးချုပ်တစ်ယောက်အနေနဲ့ သံတမန်အသုံးအနှုန်းထက်ကျော်လွန်ပြီး ပြင်းထန်တဲ့ရာဇသံကို သုံးလိုက်တာဖြစ်တယ် …

ဒီအချက်က မြန်မာပြည်သူလူထုကြီးအတွက် အားတက်စရာကောင်းတယ် …

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဏာသိမ်းသူတွေကို နောက်ဆက်တွဲအရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ပြောတယ် …

တချို့ကတော့ ဘိုင်ဒန်ရဲ့စကားကို အားမရကြဘူး …

သံတမန်ဆက်ဆံရေးလျှော့ချတာ၊ ပြည်ဝင်ခွင့်ပိတ်တာ၊ ဆန်ချင်လို့ခေါ်တဲ့ စီးပွါးရေးပိတ်ဆို့တာလောက်ပဲလို့ထင်ပြီး မြန်မာပြည်အတွက် ဘာမှမထူးနိုင်ဘူးလို့ မြင်ကြတယ် …

ဒါပေမယ့် အမေရိကန်မှာ သာဓကတွေ ကောင်းကောင်းရှိထားပြီးပြီလို့ သတိရသင့်တယ် …

၁၉၉၀ ကစလို့ အဲ့ဒီလို ဆန်ချင် ဆီချင် စပါးချင် သကြားချင်နည်းလမ်းတွေသုံးခဲ့ပေမယ့် မြန်မာလူထုအတွက် ဘာအကျိုးမှမဖြစ်ထွန်းခဲ့တာ အမေရိကန်နဲ့ အနောက်အုပ်စု ကြုံခဲ့ဖူးပြီ …

စစ်အာဏာရှင်တသိုက်နဲ့ ခရိုနီတွေသာ ပိုပြီးချမ်းသာလာကြတာ လူတိုင်းအသိပဲ …

ဒါကြောင့် မြန်မာကိုအကန့်အသတ်နဲ့ စစ်ရေးအရ အရေးယူတာ သို့မဟုတ် အလုံးအရင်းနဲ့ စစ်ရေးအရ အရေးယူတာ တစ်ခုခုလုပ်မှသာ မြန်မာကို သူတို့ရနိုင်လိမ့်မယ်လို့ တွက်ဆနေရပြီ … (အခု ဒီစာကိုရေးနေချိန်မှာ အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးရဲ့အသံက မြန်မာစစ်အာဏာရှင်တွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန်ခံစားရလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်လာနေပြီ) …

အမေရိကန်ဆိုတာ ကိုယ်ကျိုးစီးပွါးမပါရင် စစ်မတိုက်စားဘူးလို့ ဆိုစမှတ်ရှိကြတယ် …
ဒီတော့ သူ့အကြောင်းပြချက်က ဟိုအရှေ့ဆုံးမှာ မှတ်ထားပါလို့ပြောခဲ့တဲ့ အကြောင်းအချက် ငါးခုပါပဲ …
စစ်ရေးအရ အရေးယူမှုကို အမေရိကန်လုပ်နေကျအတိုင်း ပြောင်ကျကျဝင်တိုက်ချင်မှတိုက်လိမ့်မယ် …
ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်အုပ်စုမဟာမိတ်တွေရဲ့ သဘောထားစုစည်းချက်ကိုယူပြီး စစ်ပွဲကိုစတင်လာစရာရှိနေတယ် …

အမေရိကန်ရဲ့အကျိုးစီးပွါး၊ အနောက်အုပ်စုရဲ့အကျိုးစီးပွါးနဲ့ ဂျပန်ရဲ့အကျိုးစီးပွါးတွေမှာ ဘုံကျနေတဲ့အချက်က တရုတ်ရဲ့
အာရှခါးပတ်စီမံကိန်း ပျက်စီးရေး၊ တရုတ်ရဲ့အိန္ဒိယသမုဒ္ဒစိုးမိုးရေးအိပ်မက်ဖြစ်တဲ့ နောက်ဖေးထွက်ပေါက်ကိုပိတ်ရေး၊ ဒေသတွင်းဩဇာလွှမ်းမိုးမှုကိုလျှော့ချရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီဝါဒထွန်းကားရေးတွေပဲဖြစ်တယ် …

တရုတ်ကတော့ တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းနိုင်ငံတွေရဲ့ အာခံနေမှုကို မြန်မာဖြစ်ရပ် သာဓကပြပြီး ဖိအားပေးဖို့နဲ့ ကိုဗစ်ကြောင့် တက်ရိပ်ပြနေတဲ့ နိုင်ငံတကာဖိအားအမျိုးမျိုးကို အာရုံပြောင်းဖို့လိုအပ်နေတယ် …
အထူးသဖြင့်တော့ တောင်တရုတ်ပင်လယ်မှာ အမေရိကန်နဲ့ စစ်မတိုက်ချင်ဘူး …

မြန်မာနိုင်ငံထဲမှာ ကြားခံ Proxy စစ်ပွဲလုပ်ပြီး စစ်တိုက်ကြမယ်လို့ စိန်ခေါ်လိုက်တဲ့လုပ်ရပ်မျိုးလည်းဖြစ်တယ် …
ဒီတော့ ဒီကနေ့မြန်မာနိုင်ငံဟာ စစ်ရိပ်စစ်ငွေ့မကင်းဘူးလို့ပဲ ပြောရတော့မယ် …

အာဏာသိမ်းထားသူတွေဟာလည်း ရှေ့တိုးရင်တံပိုး နောက်ဆုတ်ရင်လှည်းဒုတ်ဆိုတဲ့အတိုင်း အရူးမီးဝိုင်းမိသလိုဖြစ်နေပြီမို့ ခံချဖို့လမ်းပဲ ရွေးကြရပါလိမ့်မယ် …

ဒီစစ်ပွဲဟာ ကြီးမလား သေးမလားဆိုတာကတော့ နောက်ကွယ်က တရုတ်ရဲ့စစ်ရေးအကူအညီတွေနဲ့လည်း သက်ဆိုင်နေပါတယ် …

တရုတ်က လုံခြုံရေးကောင်စီမှာ လက်ရှောင်ခဲ့သလို စစ်ရေးမှာလည်းလက်ရှောင်ခဲ့ရင် စစ်ပွဲက သေးသေးလေးပဲဖြစ်နိုင်ပါတယ် …

တရုတ်ဝင်ပါရင်တော့ မြန်မာပြည်ဟာ စစ်တလင်းဖြစ်ပြီး ကျန်ရစ်ပါလိမ့်မယ် …

အခုအခါမှာ အာဏာသိမ်းရတဲ့ကိစ္စကို ဦးဝဏ္ဏမောင်လွင်တို့ကိုယ်စားပြုပြီး ကုလသမဂ္ဂဆီအကြောင်းပြချက်မျိုးစုံပေးရင်း သံတမန်ရေးနည်းလမ်းအရ အချိန်ဆွဲနိုင်သမျှဆွဲလို့ရအောင် ကြိုးစားနေကြပါတယ် …

ဒါပေမယ့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့အမေရိကန်တို့က မြန်မာရဲ့ပကတိအခြေအနေဟာ စစ်အာဏာသိမ်းမှုသာဖြစ်တယ်လို့ ယတိပြတ်ပြောထားပြီမို့ ဦးဝဏ္ဏမောင်လွင်တို့အားထုတ်နေမှုဟာ အောင်မြင်ဖွယ်ရာမမြင်ပါဘူး …

ဒီအခြေအနေတွေကို စစ်မဖြစ်ဘဲ အကောင်းဆုံးကျော်လွှားနိုင်မယ့်နည်းလမ်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအတိုင်း ချက်ချင်းပြန်လွှတ်ပေးပြီး နိုင်ငံရေးအရ အဖြေရှာကြဖို့ဆိုတဲ့ ထွက်ပေါက်တစ်ခုပဲရှိပါတော့တယ် …

ဒါပေမယ့် သင်ပုန်းချေရေးနဲ့ ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်တော့တာမို့ နိုင်ငံတော်ကို စစ်အာဏာသိမ်းသူတွေဟာ ခုံရုံးတက် ဖြေရှင်းကြရပါလိမ့်မယ် …

မြန်မာနိုင်ငံထဲမှာ တရုတ်၊ အမေရိကန်နဲ့ အနောက်အုပ်စုတို့ကစားကြမယ့် စစ်ပွဲတွေဖြစ်မလာပါစေနဲ့လို့ ဆုတောင်းကြရပါမယ် …
အမေရိကန်စစ်ဝင်တိုက်ပေးလို့ ပြောင်ပြောင်ရောင်ရောင် ကျန်ရစ်ခဲ့တဲ့နိုင်ငံမျိုး ရှားပါတယ် …

ဒါကြောင့် စစ်ပွဲတွေကိုအလိုမရှိပါဘူး …

တရုတ်ဟာ အမေရိကန်ကိုလက်ဦးမှုယူပြီး ပုံရိပ်ကျနေတာကိုလည်း အမှတ်ပြန်ယူတဲ့အနေနဲ့ မြန်မာစစ်အာဏာသိမ်းအုပ်စုကို စစ်ရေးအရ အရေးယူလိုက်ရင်ရော ဘာတွေဆက်ဖြစ်လာနိုင်မလဲ …

သေချာတာကတော့ မြန်မာနိုင်ငံမြေပုံဟာ ပုံစံတစ်မျိုးပြောင်းပြီး ရေးဆွဲကြရပါလိမ့်မယ် …
ဒီလိုတွေမဖြစ်စေချင်ရင်တော့ အကြမ်းမဖက်တဲ့ လူထုအာခံမှုနည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာသိမ်းထားမှုကို အပြီးတိုင်ချုပ်ငြိမ်းအောင် တတ်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင်ကြရပါလိမ့်မယ် …

သေနတ်မရှိတဲ့ပြည်သူက စစ်အာဏာရှင်တွေကိုပြုတ်ကျအောင် ဘယ်လိုလုပ်နိုင်မှာလဲ …
တစ်ခုတည်းသော အောင်မြင်နိုင်တဲ့နည်းလမ်းက CDM လို့ခေါ်တဲ့ Civil Disobedience Movement ပါပဲ …

အကြမ်းမဖက် အမိန့်မနာခံ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုကြီးသာလျှင်ဖြစ်ပါတယ် …
ဝန်ထမ်းအသီးသီးက လုံးဝအလုပ်မဆင်းကြဘဲ စစ်အာဏာရှင်ယန္တယားကို ရပ်တန့်ဖျက်ဆီးပစ်နိုင်ပါတယ် …
ဒီလောက်ပါပဲ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။

Original uploader

LEAVE A REPLY

Please enter your comment!
Please enter your name here