တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦး အာကာသပေါ်တွင် ပထမဆုံးအကြိမ်လမ်းလျှောက်နိုင်ခဲ့

59

အသက် ၄၁ နှစ်အရွယ်ရှိ အကြီးတန်းလေတပ် ဗိုလ်မှူးကြီး ဝမ် ရာပင်းဟာ အာကာသပေါ် လမ်းလျှောက်တဲ့ ပထမဆုံး သော တရုတ်အမျိုးသမီးဖြစ်လာခဲ့ပါတယ်။

သူမဟာ မနေ့က တနင်္ဂနွေနေ့ ညနေခင်းပိုင်းမှာ ပြုလုပ်တဲ့ အာကာသ မစ်ရှင်မှူး ဗိုလ်မှူးကြီး ရှိုင် ရှီဂန်း နဲ့ အတူ ရှန်ကျိုး ၁၃ မစ်ရှင်ရဲ့ အထူးအာကာသလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ရှန်ကျိုး ၁၃ မစ်ရှင် အမှုထမ်းတွေဟာ လာမယ့် လတွေမှာဆိုရင် နောက်ထပ်အာကာသလမ်းလျှောက်မှု ၁ ခုကနေ ၂ ခုအထိ လုပ် ဆောင်ဖို့လည်း ရှိပါတယ်။

အာကာသလှုပ်ရှားမှုဟာ ညနေ ၆ နာရီ ၅၁ မိနစ်မှာ စတင်ခဲ့ပြီး မစ်ရှင်မှူး ရှိုင်က အာကာသ ယာဉ်ပေါက်ရဲ့ အပေါက်ကို ဖွင်ခဲ့ပါတယ်။ ည ၈ နာရီ ၂၈ မိနစ်မှာဆိုရင် သူတို့နှစ်ဦးသားဟာ တီအန် ဂေါင်း အာာကာသစခန်းကနေ ထွက်ခွာသွားပြီးဖြစ်ကြောင်း တရုတ် လူလိုက်ပါရေး အာကာသစခန်းကနေ ထုတ်ပြန်ချက် တွင်ဖော်ပြထားပါတယ်။

ညသန်းခေါင်ယံအချိန်မှာတော့ မစ်ရှင်မှူး ရှိုင်နဲ့ အကြီးတန်း ဝမ်တို့ ဟာ အာကာသစခန်းရဲ့ စက်ရုပ်လက်တံမှာ အစိတ်ပိုင်းအသစ်တွေ တပ်ဆင်ခဲ့ကြပြီး အထူးစီမံလေ့ကျင့်မှုတွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လေ့ကျင့်ရာမှာ အသုံးပြုခဲ့ကြတယ်လို့ အေဂျင်စီက ဆိုပါတယ်။

အာကာသလမ်းလျှောက်ခြင်းမှာဆိုရင် စက်ရုပ်လက်တံတွေရဲ့ စွမ်းဆောင်ရည်နဲ့ အာကသယာဉ်မှူးတွေရဲ့ လိုအပ်ချက်တွေနဲ့ လိုက်ဖက်မှုရှိမရှိ၊ အထူးကြပ်မတ်လုပ်ဆောင်တဲ့ လုပ်ငန်းတစ်ခုမှာ အထောက်အကူပစ္စည်းတွေရဲ့ ဘေးကင်းမှု၊ စွမ်းဆောင်ရည်ကို စစ်ဆေးကာ အာကာသဝတ်စုံရဲ့ အမျိုးအစားသစ်ရဲ့ လုပ်ဆောင်ချက်တွေကို စမ်းသပ်ရန်မျှော်လင့်ကြောင်း အေဂျင်စီက ဆိုပါတယ်။

ရှန်ဒေါင်းပြည်နယ်ဇာတိဖြစ်ပြီး အသက် ၅ နှစ်အရွယ် မိန်းကလေးရဲ့ မိခင်ဖြစ်တဲ့ ဝမ်ဟာ ၁၉၉၇ ခုနှစ် သြဂုတ်လမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်မှာ ဝင်ရောက်ခဲ့ပြီး မေလ ၂၀၁၀ ခုနှစ်မှာ PLA အာကာသယာဉ်မှူးဌာနခွဲမှာ ဒုတိယအာကာသ ယာဉ်မှူးအဖြစ် မပါဝင်မီ ဒုတိယတပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here