တရုတ်နဲ့ရုရှကြောင့် လုံခြုံရေးကောင်စီမှာ မြန်မာကိစ္စ ဆုံးဖြတ်ချက်မထုတ်နိုင်ခဲ့

192

“တရုတ်နဲ့ရုရှကြောင့် လုံခြုံရေးကောင်စီမှာ မြန်မာကိစ္စ ဆုံးဖြတ်ချက်မကျပါ”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာပြည်အရေး မနေ့ကတံခါးပိတ်အစည်းအဝေးလုပ်ခဲ့ပြီးနောက် အဖွဲ့ဝင် ၁၅နိုင်ငံကြား ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။

မြန်မာပြည်အရေး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိပါးနေပြီလို့ အမေရိကန်ပြည်ထောင်စုနဲ့ အဖွဲ့ဝင်နိုင်ငံအများစုက ပြောဆိုခဲ့ပေမယ့် တရုတ်နဲ့ရုရှနှစ်နိုင်ငံက “ပြည်တွင်းရေး”ဖြစ်တယ်လို့ဆိုခဲ့တာကြောင့် ကောင်စီအနေနဲ့ အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်အရေး တံခါးပိတ်အစည်းအဝေးလုပ်ဖို့ တင်ပြခဲ့သူ ဗြိတိန်သံအမတ်ကြီး ဘာဘရာက ကောင်စီအနေနဲ့ အသံတစ်သံတည်းထွက်ဖို့က အင်မတန်အရေးကြီးတယ်လို့ ပြောဆိုခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း လုံခြုံရေးကောင်စီအနေနဲ့ နောက်ထပ်ကိုင်တွယ်ရမယ့်ကိစ္စတွေကို စဉ်းစားရပါမယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here