တရုတ်ကို တန်ပြန်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၁၅ သန်း ဂျိုးဘိုင်ဒန် တောင်းခံ

114

တရုတ်ကို တန်ပြန်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၁၅ သန်း ဂျိုးဘိုင်ဒန် တောင်းခံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တရုတ်ရဲ့စိန်ခေါ်မှုတွေကို တန်ပြန်ဖို့အတွက် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၁၅ သန်း တောင်းခံလိုက်ပြီလို့ သိရပါတယ်။

အခုတောင်းခံလိုက်တဲ့ အသုံးစရိတ်တွေကို ရေတပ်အင်အားတိုးချဲ့ရေးနဲ့ နျူကလီးယားစီမံကိန်း ပရိုဂရမ်တွေမှာ ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်ရဲ့စိန်ခေါ်မှုဟာ အခုနောက်ပိုင်းနှစ်တွေမှာ ထိပ်တန်းအဆင့်ကို ရောက်ရှိလာတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ယူဆထားပြီး အခု တောင်းခံလိုက်တဲ့အသုံးစရိတ်အားလုံးဟာ ပင်တဂွန်အတွက်ဖြစ်တယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒန်က ရှင်းပြသွားခဲ့ပါတယ်။

အခုလို ပင်တဂွန်အတွက် အသုံးစရိတ် တောင်းခံလိုက်ခြင်းဟာ ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ရဲ့ တရုတ်အပေါ်ထား ရှိတဲ့သဘောထားကို ထင်ထင်ရှားရှား ပြသလိုက်တာဖြစ်ပြီး တရုတ်ကို နိုင်ငံခြားရေးမူဝါဒဘောင်ထဲကနေ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမယ်ဆိုတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့မူဝါဒဟာလည်း ပိုပြီး ထင်ရှားလာခဲ့ပြီ ဖြစ်ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်

LEAVE A REPLY

Please enter your comment!
Please enter your name here