တရားခွင်မှာ တရားသူကြီးက မတ်တပ်ရပ်ခိုင်းတာကို ဂရုတောင်မစိုက်တဲ့ အမေစု

147

ဒေါ်​အောင်ဆန်းစုကြည်ဆိုတာအင်းစိန်​​ထောင်ဝက တရားရုံးမှာတရားသူကြီးကဒေါ်စုကြည် မတ်တတ်ရပ်​ပေးပါ ဆိုပြီးမတရားစီရင်ချက်ကို နာကြားဖို့ ရပ်ခိုင်းပါတယ်​ဒေါ်​အောင်ဆန်းစုကြည် မတ်တတ်ထမရပ်ပါဘူး မတရားသူကြီးက ထပ်​ပြောပါတယ်။

ဒါလည်း ထမရပ်လို့ မတရားသူကြီးအဖွဲ့က ဒေါ်စုကြည် ဘာ​ကြောင့် မတ်တတ်ထမရပ်တာပါလဲ လို့ ​မေးမြန်းပါတယ်။ဒါ​ကြောင့် အစိုးရရှေ့​နေက ​ဒေါ်​အောင်ဆန်းစုကြည်နား လာပြီး​နောက်ထပ် ပုဒ်မတိုးချင်လို့လားလို့ ​မေးတယ်။ဘယ်သူ့ကို မတ်တတ်ထရပ်ဖို့ ​ပြော​နေတာလဲဆိုတာ ကျွန် မ မသိလို့ပါ လို့​ ဒေါ်​အောင်ဆန်းစုကြည်က ပြန်​ပြော​တော့ဒေါ်စုကြည်ကို​ ပြောတာပါလို့ လို့ မတရားသူကြီးအဖွဲ့က လှမ်းပြော​ပါတယ်။

ဒေါ်စုကြည်ဆိုတာ ကျွန်မနာမည်မဟုတ်ဘူး ကျွန်မနာမည်က ​ဒေါ်​အောင်ဆန်းစုကြည် ဖြစ်ပါတယ်လို့ပြန်​ပြော​တော့မှ မတရားသူကြီး အဖွဲ့က ဒေါ်​အောင်ဆန်းစုကြည် မတ်တတ် ထရပ်ပါ လို့ပြင်​ပြောရပါတယ်။ထောင် ၃ နှစ်ချမယ်လို့ အမိန့်ချ​တော့ကျွန်မကို ​နေအိမ်မှာ အကျဉ်းချဖို့ ပြန်မပို့ပါနဲ့အကျဉ်း​ထောင်မှာပဲ အခြားအကျဉ်းသား​တွေနဲ့အတူ အကျဉ်းသား စစ်စစ်အဖြစ်​ နေခွင့်​ပေးပါ လို့ ​တောင်းဆိုလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here