တပ်မတော်အာဏာသိမ်းမှုကို ယူကေအစိုးရ ပြစ်တင်ရှုတ်ချ တရားမ၀င်ဖမ်းဆီးထားတဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ တောင်းဆို

243

မြန်မာတပ်မတော်က အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကေအစိုးရက သဘောထား ထုတ်ပြန်ပါတယ်။

တပ်မတော်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ တရားမ၀င်ဖမ်းဆီးထားတဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

Chief Senior General Min Aung Hlaing, commander in chief of the Myanmar armed forces, inspects troops during a ceremony to mark the 71st Armed Forces Day in Myanmar’s capital Naypyidaw on March 27, 2016. / AFP / YE AUNG THU (Photo credit should read YE AUNG THU/AFP/Getty Images)

လွှတ်တော်ကို ငြိမ်းချမ်းစွာ ပြန်လည်ခေါ်ယူကျင်းပနိုင်ဖို့နဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ မြန်မာပြည်သူလူထုဆန္ဒတွေကို လေးစားလိုက်နာဖို့ လိုလားတယ်လို့ ယူကေအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here