တပ္ခ်ဳပ္တာဝန္ထမ္းေဆာင္ခြင့္ အသက္ ၆၅ ႏွစ္ ကန႔္သတ္ခ်က္ကို ပယ္ဖ်က္လိုက္တဲ႔ မအလ

208

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔အေနျဖင့္ အသက္ ၆၅ ႏွစ္အ ထိသာ တာဝန္ထမ္းေဆာင္ရန္ ကန႔္သတ္ခ်က္အား အာဏာသိမ္းၿပီး ရက္ပိုင္းအတြင္းမွာပင္ ပယ္ဖ်က္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီက ၫႊန္ၾကားလႊာထုတ္ျပန္ခဲ့သည္။

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က စစ္ေရးခ်ဳပ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း လက္မွတ္ေရးထိုး ထုတ္ျပန္ထားသည့္ ကာကြယ္ေရးဌာနေကာင္စီ ၫႊန္ၾကားလႊာအမွတ္ ၁/၂၀၂၁ ျဖင့္ တပ္ခ်ဳပ္ႏွင့္ ဒုတပ္ခ်ဳပ္တို႔အား အသက္ကန႔္သတ္ထားသည့္ ၫႊန္ၾကားလႊာ ၄/၂၀၁၄ အား ပယ္ဖ်က္လိုက္ေၾကာင္း ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

အဆိုပါ ၫႊန္ၾကားလႊာ ၁/၂၀၂၁ အား မတ္လ ၅ ရက္ေန႔ထုတ္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ျပန္တမ္းတြင္ လည္း ေဖာ္ျပထားသည္။

ၫႊန္ၾကားလႊာ ၄/၂၀၁၄ ႏွင့္ ပတ္သက္ၿပီး ဒီမိုကေရစီအစိုးရျဖစ္၍ စစ္ဥပေဒ၊ ၫႊန္ၾကားလႊာမ်ားအရ ျပန္လည္သုံးသပ္ရန္လိုအပ္ေသာေၾကာင့္ စစ္မႈထမ္းသက္ကို ကန႔္သတ္ရန္ ၂၀၁၄ ခုႏွစ္တြင္ ၫႊန္ၾကားလႊာ ၄/၂၀၁၄ အားထုတ္ျပန္ခဲ့ၿပီး ယင္းၫႊန္ၾကားလႊာအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အသက္ ၆၅ ႏွစ္ထက္မပိုေသာ ကာလအထိ တာဝန္ထမ္းေဆာင္ခြင့္ျပဳလိုက္ေၾကာင္း ၂၀၁၆ ခုႏွစ္အတြင္း ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ထိုစဥ္က ဒုတိယဗိုလ္ခ်ဳပ္ႀကီး တာဝန္ယူထားသူ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ရွင္းျပခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ၿပီးခဲ့သည့္ ဧၿပီလအတြင္း အသက္ ၆၅ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး ၎သက္တမ္းမကုန္ဆုံးမီ ႏိုင္ငံေတာ္အာဏာသိမ္းကာ တပ္ခ်ဳပ္ရာထူး အသက္ကန႔္သတ္ ခ်က္ကိုလည္း ပယ္ဖ်က္လိုက္ျခင္းျဖစ္သည္။

ယင္းအျပင္ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ ၾကည္၊ေရ၊ေလ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္၊ေရ၊ေလ) တို႔အား ပုံမွန္သက္တမ္း ၄ ႏွစ္တာဝန္ထမ္းေဆာင္ၿပီးပါက အၿငိမ္းစားေပးရန္ ယခင္က သတ္မွတ္ထားေသာ္လည္း ယခုထုတ္ျပန္လိုက္သည့္ ၫႊန္ၾကားလႊာ ၁/၂၀၂၁ တြင္ လိုအပ္ခ်က္အရ ၂ ႏွစ္အထိ သက္တမ္းတိုးျမႇင့္ တာဝန္ေပးႏိုင္ခြင့္ကိုလည္း အခြင့္အေရးထပ္ေပးထားသည္။

ဗိုလ္ခ်ဳပ္အဆင့္ တိုင္းမႉး၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၊ စစ္ဦးစီးတကၠသိုလ္၊ စစ္တကၠသိုလ္၊ တပ္မေတာ္သိပၸံႏွင့္ နည္းပညာသုေတသနဌာနရွိ ေက်ာင္းအုပ္ႀကီး/ဌာနခ်ဳပ္မႉးမ်ားအား အသက္ ၆၀ မျပည့္မီ တာဝန္ထမ္းေဆာင္ရမည့္ သက္တမ္းကာလေက်ာ္လြန္ပါက ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ ခ်ီးျမႇင့္ကာ အၿငိမ္းေပးရန္လည္း အခြင့္အေရးတိုးျမႇင့္ေပးထားသည္။

အထက္ပါ တာဝန္မ်ားထမ္းေဆာင္ျခင္းမရွိသည့္ က်န္ရွိေသာ ဗိုလ္ခ်ဳပ္မ်ားအား အသက္ ၆၀ မျပည့္မီ တာဝန္ထမ္းေဆာင္ရမည့္ သက္တမ္းေက်ာ္လြန္ပါက လက္ရွိ အဆင့္ျဖင့္သာ အၿငိမ္းစားေပးရန္ ၫႊန္ၾကားလႊာတြင္ ေဖာ္ျပထားသည္။

ယခုထုတ္ျပန္သည့္ ၫႊန္ၾကားလႊာ ၁/၂၀၂၁ အရ ယခင္ထုတ္ျပန္ခဲ့သည့္ ကာကြယ္ေရးဌာနေကာင္စီ ၫႊန္ၾကားလႊာအမွတ္ ၄/၂၀၁၄၊ ၁/၂၀၁၆၊ ၅/၂၀၁၆၊ ၁/၂၀၁၇ တို႔အား ပယ္ဖ်က္လိုက္ေၾကာင္းလည္း ေဖာ္ျပထားသည္။

Unicode

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် အသက် ၆၅ နှစ်အ ထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ချက်အား အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် ပယ်ဖျက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ရေးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၁/၂၀၂၁ ဖြင့် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့အား အသက်ကန့်သတ်ထားသည့် ညွှန်ကြားလွှာ ၄/၂၀၁၄ အား ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားလွှာ ၁/၂၀၂၁ အား မတ်လ ၅ ရက်နေ့ထုတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းတွင် လည်း ဖော်ပြထားသည်။

ညွှန်ကြားလွှာ ၄/၂၀၁၄ နှင့် ပတ်သက်ပြီး ဒီမိုကရေစီအစိုးရဖြစ်၍ စစ်ဥပဒေ၊ ညွှန်ကြားလွှာများအရ ပြန်လည်သုံးသပ်ရန်လိုအပ်သောကြောင့် စစ်မှုထမ်းသက်ကို ကန့်သတ်ရန် ၂၀၁၄ ခုနှစ်တွင် ညွှန်ကြားလွှာ ၄/၂၀၁၄ အားထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားလွှာအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အသက် ၆၅ နှစ်ထက်မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်း ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်း အသက် ၆၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၎င်းသက်တမ်းမကုန်ဆုံးမီ နိုင်ငံတော်အာဏာသိမ်းကာ တပ်ချုပ်ရာထူး အသက်ကန့်သတ် ချက်ကိုလည်း ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဗိုလ်ချုပ်ကြီးအဆင့် ကြည်၊ရေ၊လေ ကာကွယ်ရေးဦးစီးချုပ်များနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်၊ရေ၊လေ) တို့အား ပုံမှန်သက်တမ်း ၄ နှစ်တာဝန်ထမ်းဆောင်ပြီးပါက အငြိမ်းစားပေးရန် ယခင်က သတ်မှတ်ထားသော်လည်း ယခုထုတ်ပြန်လိုက်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ တွင် လိုအပ်ချက်အရ ၂ နှစ်အထိ သက်တမ်းတိုးမြှင့် တာဝန်ပေးနိုင်ခွင့်ကိုလည်း အခွင့်အရေးထပ်ပေးထားသည်။

ဗိုလ်ချုပ်အဆင့် တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ စစ်တက္ကသိုလ်၊ တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာနရှိ ကျောင်းအုပ်ကြီး/ဌာနချုပ်မှူးများအား အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကာလကျော်လွန်ပါက ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ချီးမြှင့်ကာ အငြိမ်းပေးရန်လည်း အခွင့်အရေးတိုးမြှင့်ပေးထားသည်။

အထက်ပါ တာဝန်များထမ်းဆောင်ခြင်းမရှိသည့် ကျန်ရှိသော ဗိုလ်ချုပ်များအား အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကျော်လွန်ပါက လက်ရှိ အဆင့်ဖြင့်သာ အငြိမ်းစားပေးရန် ညွှန်ကြားလွှာတွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ အရ ယခင်ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၄/၂၀၁၄၊ ၁/၂၀၁၆၊ ၅/၂၀၁၆၊ ၁/၂၀၁၇ တို့အား ပယ်ဖျက်လိုက်ကြောင်းလည်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here