တစ်ရက်တည်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်သား ၁၀ဦးသေဆုံး

60

ကေအဲန်ယူ-သထုံခရိုင်၊ ဘားအံမြို့နယ်ထဲမှာနိုဝင်ဘာ ၁၇ ရက် တစ်ရက်တည်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၁၀)ဦးသေပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံမှ သတင်းပေးပို့ချက်ကို အတည်ပြုပြီး ကေအဲန်ယူ ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မနက် ၁ နာရီခန့်က ကျော်ကေခီးရွာအနီးမှာ BGF (၉၉၉)တပ်မ၊ တပ်နယ်(၃)မှူး စောလားသစ်ဦးဆောင်တဲ့ ယာဉ်တန်းကို ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၁)၊ တပ်ရင်း(၁)က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ (vigo အမျိုးအစား) ကား (၂ )စင်းပျက်စီးပြီး BGF (၇)ဦးသေ၊ (၅)ဦးဒဏ်ရာရခဲ့ပါတယ်။

မွန်းလွဲ(၂)နာရီကျော်မှာ ကျော်ကေ့ခီးနဲ့ ဖလံတောင်ကျေးရွာအကြား နို့ပနားပူ ကားလမ်းမပေါ်မှာ စောလားသစ်နဲ့မဗိုလ်တင်ဝင်း ပူးပေါင်းတပ်ဖွဲ့တို့ မောင်းနှင်လာတဲ့ ယာဉ်တန်းကို KNLA တပ်ရင်း၁မှ ပစ်ခတ်တိုက်ခိုက်လို့ BGF(၉၉၉)တပ်မ လက်အောက်ခံ ဒုတပ်ရင်းမှူးစောကျော်ဖောအပါအဝင် (၃)ဦးသေပြီး ကား(၁)စင်း ပျက်စီးခဲ့ပါတယ်။

ညနေ၅နာရီ ၄၀ မိနစ်မှာ KNLA တပ်ရင်း(၁) လက်အောက်ခံ တပ်တွေက ဘောသပြုရွာအဝင် စောလားသစ် ဦးဆောင်တဲ့ ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကို ကျူးလွန်နေတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဖြစ်ပြီး စောလားသစ် BGF (၉၉၉) တပ်ဖွဲ့က ဘားအံမြို့နယ်သို့ စစ်ကူလာရောက် ပေးခြင်းဖြစ်တယ်လို့ ကေအဲန်ယူက ဖော်ပြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here