တစ်ချို့ မိတ်ဆွေ တွေကို ရင်နာနာ နဲ့စွန်လွှတ်လိုက်ပြီလို့ ပြောလာတဲ့ မင်းမော်ကွန်း

436

လာပါ ပရိတ်သတ် ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်းက တစ်ချို့ မိတ်ဆွေတွေကို ရင်နာနာ နဲ့စွန်လွှတ် လိုက်ပြီလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်

နှာကနေ ပြောလာပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိ အခြေ အနေတွေမှာ ပြည်သူတွေနဲ့ တသွေးထဲ တသားထဲ ရပ်တည် လာခဲ့တဲ့ တစ်လကျော် အတွင်း

မှာ သူတွေ့ ကြုံခဲ့ရတဲ့ သူရဲ့ ဖြတ်သန်း မှုတွေကို သရုပ်ဆောင် မင်းသား မင်းမော်ကွန်း မှ ယခုလို ရေးသားပြီးတော့ တင်ထားတာပဲ ဖြစ်ပါတယ်။

“ကိုယ့်ဟာကို သရုပ်ဆောင်လို့ မေ့နေတာ တစ်လ ကျော်တောင် ရှိသွားပြီပဲ ခုဆို ထမင်း ချက်တတ်ပြီ မရှိ ရှိတာနဲ့ စားတတ်ပြီ ကိုယ့်အဝတ် ကိုလျှော်

တတ်ပြီ၊ တပျက်စီးလှည်း ကြမ်းတိုက် တတ်ပြီအာခေါင် ခြစ်အော်ပြီး ခြေထောက်တွေ နာကျင်နေအောင် လမ်းတွေ လျောက်ဖူးခဲ့ပြီ နေပူထဲ ထီး

မပါ ကတ္တရာ လမ်းပေါ် နာရီပေါင်း များစွာ ထိုင်ဖူးပြီ မိုးလင်းမိုးချုပ် ဆဲဆိုရင်း သေနတ် သံတွေ ကို နားယဉ် လာခဲ့ပြီ ရာဇဝတ်သား တစ်ယောက်

ဟိုပြေးဒီလွှား ဟိုနေရာ ပုန်း ဒီနေရာခိုနဲ့ ရပ်ကွက် ပေါင်းစုံ နေရာပေါင်းစုံ ရောက်ခဲ့ ရဖူးပြီ ဖုံတွေ သဲတွေ အမှိုက် သရိုက်တွေ ကြားထဲ

ပျော်အောင် အိပ်တတ် လာပြီ အရင်က ရန်သူလို့ထင်ခဲ့ မိသူ တွေက အရေးကြုံ တဲ့အခါမှာ မိတ် ဆွေ ကောင်းတွေ ဆိုတာ သိခွင့်ရလာပြီး တချို့မိ

တ်ဆွေ တွေကို တော့ ရင်နာနာ နဲ့ပဲ စွန့်လွှတ် ခဲ့ရပြီ လူ့ဘဝ ဆိုတာ ကြီးကိုက အပြောင်း အလဲမြန် လွန်းတယ် နေရတဲ့ အချိန်ဆို တာလည်း သိပ်တို

တောင်း လွန်းပါတယ် နေ့မြင် ည ပျောက် ကိုယ့်ဟာ ကိုတောင် ဘယ်နေ့ သေရမယ် မှန်းမသိ တဲ့ ဘဝ ထဲမှာ လောဘ ဒေါသ မောဟ တွေကို အ

တော မသတ်နိုင်ကြ သေးပါလား သေခါနီး ထိကို ရူးလိုက် ကြတဲ့အာဏာ မက်လိုက်တဲ့ ပိုက်ဆံ” ဆို ပြီး သူရဲ့လူမှု့ ကွန်ရက်မှာ ရေးတင် ထားတာ ဖြစ်

ပါတယ်။ အခုလို ဝင်ရောက် ဖတ်ရှု့ ပေးကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်း ကျန်းမာပျော်ရွှင် သောနေ့ရက် များပိုင် ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here