တကယ့် မိတ်ဆွေစစ်…. တောင်ကိုရီးယား

214

တောင်ကိုရီးယားက မြန်မာနိုင်ငံက တော်လှန်ရေးသမားတွေ အားလုံးကို လူ့အခွင့်အရေးဆု ပေးလိုက်ပြီ

တောင်ကိုရီးယားနိုင်ငံက သူတို့ ၁၇ ကြိမ်မြောက် Park Jong-cheol လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံသားတွေကို ပေးဖို့ ရွေးချယ်လိုက်ပါတယ်။

Park Jong-cheol ဆိုတာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုးလ်တက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီ ဥက္ကဌ အဖြစ် စစ် အာဏာရှင် ချန်ဒူးဝမ် (Chun Doo-hwan ) ကိုဆန့်ကျင်ခဲ့ပြီး အသက်စွန့်ခဲ့ သူပေါ့။

၁၉၈၀ တုန်းက တောင်ကိုရီးယား ဂွမ်းဂျုးမှာ အခုလက်ရှိ မြန်မာပြည်မှာလို စစ်အာဏာရှင်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရပါတယ်။

ကော်မတီ ( Democratic Enthusiast Park Jong-cheol Commemoration Project ) က-
“အခု မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပစ္စုပ္ပန်ဟာ ကျွန်ုပ်တို့ရဲ့အတိတ်ဖြစ်တယ်”တဲ့။

“ မြန်မာနိုင်ငံသားတွေဟာ ဆယ်စုနှစ်များစွာကတည်းက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သူများဖြစ်တယ်။ သူတို့ဟာ စစ်တပ်အာဏာသိမ်းမှုကိုခုခံတွန်းလှန်ခဲ့ကြတာမို့ ဒီဆုကိုရသင့်တယ်”

“ ကျွန်ုပ်တို့ရဲ့ လက်ဆောင်ဟာ မြန်မာနိုင်ငံသားတို့ရဲ့ ငိုသံတွေက တစ်ဆင့်လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတို့ရဲ တန်ဖိုးတွေကိုရောင်ပြန်ဟပ်စေတဲ့ နိုးထစေတဲ့ လက်ဆာင်တစ်ခုပါ”

“ တောင်ကိုရီးယား ဒီမိုကရေစီ ခေါင်းဆောင် Park Jong-cheol ရဲ့ ငိုကြွေးသံဟာ မြန်မာတို့ရဲ့ လက်ချောင်းသုံးချောင်းနဲ့ အတူ ပြန်လည်ရှင်သန်လျက်ရှိပါတယ်”

“ ကျွန်ုပ်တို့ မြန်မာပြည်သူတွေနဲ့ အတူ တစည်းတလုံးတည်း ရှိနေပါတယ်”

Park Jong-cheol လူ့အခွင့်အရေးဆုပေးပွဲမှာ ကိုရီးယား ဝမ် ၅ သန်းနဲ့ တောင်ကိုရီးယား နိုင်ငံသားတွေက လှူဒါန်းတဲ့ ပစ္စည်းတွေကို စုဆောင်းပြီး မြန်မာနိုင်ငံသားများအတွက်ပေးအပ်သွားပါမယ်တဲ့။
မကြာခင် ဗီဒီယိုကိုလည်းထုတ်လွှင့်ပါလိမ့်မယ်။

ပထမ အသုတ်ရန်ပုံငွေအဖြစ် ဧပြီလ ၃၁ ရက်နေ့အထိတောင်ကိုရီးယားပြည်သူတွေဆီမကောက်ခံစုဆောင်းမယ်။ ဒုတိယရန်ပုံငွေကို မေလ ၁ ရက်မှ ၃၀ ရက်အထိကောက်ခံစုဆောင်းမယ်။

ဆု ချီးမြှင့်မယ့် အခမ်းအနားကို ဇွန်လ ၁၀ ရက်မှာ လုပ်မှာဖြစ်ပါတယ်။

တကယ့် မိတ်ဆွေစစ်…. တောင်ကိုရီးယား။

မရွှေမိုး-ကိုရီးယား
April 15th,2021.

Reference:
경향신문
박종철인권상에 ‘미얀마 시민들’ 선정
입력2021.04.14. 오후 3:55 수정2021.04.14. 오후 9:51
유희곤 기자

LEAVE A REPLY

Please enter your comment!
Please enter your name here