တကမာၻလံုးမွာ႐ွိတဲ့ သူရဲ႕ ပရိတ္သတ္ေတြဆီက အလႉေငြေကာက္ခံၿပီး ျမန္မာႏိုင္ငံ ကိုဗစ္ တတိယလႈိင္းအတြက္ လႉဒါန္းေပးမယ့္ Sinon Loresca

163

ျမန္မာႏိုင္ငံမွာ အႏုပညာအလုပ္ေတြ လုပ္ကိုင္ခဲ့တဲ့ ဖိလစ္ပိုင္ ေဂးေမာ္ဒယ္ Sinon Loresca ဟာ ျမန္မာျပည္သူေတြ လက္ရွိ ႀကဳံေတြ႕ေနရတဲ့ COVID-19 တတိယလႈိင္းကို သူၾကားသိရၿပီး၊ ျမန္မာႏိုင္ငံအတြက္ သူတတ္ႏိုင္တဲ့ဘက္ကေန လႉဒါန္းေပးမယ္လို႔ ဆိုပါတယ္။

“က်ေနာ္ ခ်စ္ေသာ ျမန္မာျပည္သူျပည္သားေတြေရ။ အခု ျမန္မာမွာ ျဖစ္ေနတဲ့ COVID-19 တတိယလႈိင္းေၾကာင့္ ေတာ္ေတာ္ဆိုးဆိုး ဒုကၡေရာက္ေနတယ္လို႔ က်ေနာ္ ၾကားသိရပါတယ္”

“ဒါေၾကာင့္ က်ေနာ္ ေနာက္အပတ္ထဲမွာ ကမာၻတဝန္းမွာ ရွိၾကတဲ့ က်ေနာ့္ ပရိသတ္ေတြဆီက အလႉေငြ ေကာက္ခံပါ့မယ္။ ရလာတဲ့ ပိုက္ဆံေတြကို ျမန္မာျပည္မွာ ေအာက္ဆီဂ်င္ လိုအပ္ေနသူ‌ေတြထံ လႉဒါန္းသြားမွာ ျဖစ္ပါတယ္။ အားတင္းထားပါဦး ျမန္မာျပည္ႀကီးနဲ႔ ျပည္သူျပည္သားေတြေရ”လို႔ Sinon Loresca က ဆိုပါတယ္။

“ခင္ဗ်ားတို႔မွာ က်ေနာ္ရယ္၊ ကမာၻႀကီးရယ္ က်န္ပါေသးတယ္။ က်ေနာ္တို႔အတူတူ အခက္အခဲ မွန္သမွ်ကို ရင္ဆိုင္ တိုက္ခိုက္ၾကမယ္”လို႔ Sinon က ေျပာပါတယ္။

ဆက္လက္ၿပီး Sinon က ျမန္မာႏိုင္ငံမွာ အခုလိုအခ်ိန္ ေအာက္ဆီဂ်င္ဘူးေတြကို ေဈးတင္ မေရာင္းၾကဖို႔ ေမတၱာရပ္ခံထားပါတယ္။

“ေအာက္ဆီဂ်င္ဘူး ေရာင္းသူမ်ား အခုလိုအခ်ိန္မွာ ေဈးေတြကို မတန္မဆေတြ တင္မေရာင္းပါနဲ႔ ခင္ဗ်ာ။ သာမန္ အေနအထားတိုင္းသာ ေရာင္းျခင္းျဖင့္ လူ႔အသက္ေတြကို ကယ္‌တင္ေပးဖို႔ ေတာင္းဆိုပါတယ္။ ျမန္မာျပည္မွာ ျဖစ္ေနတဲ့ ကိုဗစ္ တတိယလႈိင္းမွာ အခ်င္းခ်င္း က႐ုဏာ ေမတၱာထားေပးၾကဖို႔ ေတာင္းဆိုပါတယ္ ခင္ဗ်ာ”လို႔ Sinon က ေျပာထားပါတယ္။

“King of catwalk” လို႔ လူသိမ်ားတဲ့ ဖိလစ္ပိုင္ေမာ္ဒယ္ Sinon Loresca ဟာ လက္ရွိ ျပည္ပကို ေရာက္ရွိေနေပမယ့္ ျမန္မာႏိုင္ငံကို လြမ္းဆြတ္ေနၿပီး၊ ျမန္မာျပည္သို႔ ေနာက္တႀကိမ္ ျပန္လာၿပီး အႏုပညာ အလုပ္ေတြ လုပ္ခ်င္ေသးတယ္လို႔ ဆိုပါတယ္။

 

 

Unicode

မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ ဖိလစ်ပိုင် ဂေးမော်ဒယ် Sinon Loresca ဟာ မြန်မာပြည်သူတွေ လက်ရှိ ကြုံတွေ့နေရတဲ့ COVID-19 တတိယလှိုင်းကို သူကြားသိရပြီး၊ မြန်မာနိုင်ငံအတွက် သူတတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းပေးမယ်လို့ ဆိုပါတယ်။

“ကျနော် ချစ်သော မြန်မာပြည်သူပြည်သားတွေရေ။ အခု မြန်မာမှာ ဖြစ်နေတဲ့ COVID-19 တတိယလှိုင်းကြောင့် တော်တော်ဆိုးဆိုး ဒုက္ခရောက်နေတယ်လို့ ကျနော် ကြားသိရပါတယ်”

“ဒါကြောင့် ကျနော် နောက်အပတ်ထဲမှာ ကမ္ဘာတဝန်းမှာ ရှိကြတဲ့ ကျနော့် ပရိသတ်တွေဆီက အလှူငွေ ကောက်ခံပါ့မယ်။ ရလာတဲ့ ပိုက်ဆံတွေကို မြန်မာပြည်မှာ အောက်ဆီဂျင် လိုအပ်နေသူ‌တွေထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အားတင်းထားပါဦး မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားတွေရေ”လို့ Sinon Loresca က ဆိုပါတယ်။

“ခင်ဗျားတို့မှာ ကျနော်ရယ်၊ ကမ္ဘာကြီးရယ် ကျန်ပါသေးတယ်။ ကျနော်တို့အတူတူ အခက်အခဲ မှန်သမျှကို ရင်ဆိုင် တိုက်ခိုက်ကြမယ်”လို့ Sinon က ပြောပါတယ်။

ဆက်လက်ပြီး Sinon က မြန်မာနိုင်ငံမှာ အခုလိုအချိန် အောက်ဆီဂျင်ဘူးတွေကို ဈေးတင် မရောင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။

“အောက်ဆီဂျင်ဘူး ရောင်းသူများ အခုလိုအချိန်မှာ ဈေးတွေကို မတန်မဆတွေ တင်မရောင်းပါနဲ့ ခင်ဗျာ။ သာမန် အနေအထားတိုင်းသာ ရောင်းခြင်းဖြင့် လူ့အသက်တွေကို ကယ်‌တင်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိုဗစ် တတိယလှိုင်းမှာ အချင်းချင်း ကရုဏာ မေတ္တာထားပေးကြဖို့ တောင်းဆိုပါတယ် ခင်ဗျာ”လို့ Sinon က ပြောထားပါတယ်။

“King of catwalk” လို့ လူသိများတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ဟာ လက်ရှိ ပြည်ပကို ရောက်ရှိနေပေမယ့် မြန်မာနိုင်ငံကို လွမ်းဆွတ်နေပြီး၊ မြန်မာပြည်သို့ နောက်တကြိမ် ပြန်လာပြီး အနုပညာ အလုပ်တွေ လုပ်ချင်သေးတယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here