ညအချိန်အထိ လမ်းမမှာ ဘဝတွေကို ခက်ခဲစွာ ရုန်းကန် နေရတဲ့ ပြည်သူတွေကို ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ ခိုင်နှင်းဝေရဲ့ အလှူလေး

120

ပြည်သူတွေကတော့ အခုလို ကာလတွေမှာဆိုရင် ပိုလို့တောင် အခက်အခဲတွေ အကျပ်အတည်းတွေကို တစ်ခုမဟုတ်တစ်ခု ရှိနေကြလို့ အားတင်းကာ ရင်ဆိုင်ဖြေရှင်းနေကြရပါတယ် ။ ဒီလို အချိန်မှာ လက်လုပ်လက်စားနဲ့ လမ်းမှာ ရှာဖွေစားသောက်နေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူ အချို့ရဲ့ ဘဝတွေက ထင်ထားတာထက်တောင် ခက်ခဲနေကြမယ်ဆိုတာ အမှန်ပါပဲ ။

ယခုလို အခြေအေနေဆိုးတွေကို မကြည့်ရက်တဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေက တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ ဒီအထဲမှာ ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ မင်းသမီးကြီး ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။ အခုလည်း သူမရဲ့ ဂေဟာအတွက် မွေးနေ့ အလှူလာလုပ်ထားတဲ့ ထမင်းဗူးတွေကို လမ်းမတွေထက်မှာ ရုန်းကန် လှုပ်ရှားနေရတဲ့ လက်လက်လက်စား ပြည်သူတွေ ကို ပြန်လည်ဝေငှပေးခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဂေဟာမှာ မွေးနေ့ အလှူလေး အတွက် လာလှူတဲ့ ထမင်းဗူး (၁၅၀) စာကို ပြန်လည် ဝေမျှ ကျွေးမွေးလှူဒါန်းဖြစ်ပါတယ်ရှင်..မွေးနေ့ရှင်ကြီးလဲ ဒါနမြောက်လို့ ပီတိကုသိုလ် ရရှိပါစေ..မြင်သူ ကြားသူများလဲ ထပ်တူ သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်…”ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here