ဇနီးဟောင်းဖြစ်သူ လိုက်ဖ်လွှင့်နေစဉ် မီးလောင်သေဆုံးအောင် ပြုလုပ်ခဲ့သူ အမျိုးသားကို သေဒဏ်ချမှတ်

214

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးတော်ကနေ ဇနီးဟောင်းဖြစ်သူ လိုက်ဖ်လွှင့်နေစဉ် မီးလောင်သေဆုံးအောင် ပြုလုပ်ခဲ့တဲ့ တရုတ်အမျိုးသားကို သေဒဏ်ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူက ဇနီးသည်ကို မီးလောင်သေဆုံးအောင်လုပ်တဲ့ အမှုဟာ နိုင်ငံတွင်းနဲ့ အခြားသောနိုင်ငံအချို့ကိုပါ အိမ်တွင်းမှုအကြမ်းဖက်ခြင်းနဲ့ ပတ်သတ်ပြီး ဒေါသထွက်စေခဲ့ပါတယ်။

အာမူချူ အသက် ၃၀နှစ် ဆိုရှယ်မီဒီယာပေါ်တွင် လာမူအဖြစ် လူသိများတဲ့ တိဘက်ဘလော့ဂါတစ်ဦးဟာ ခင်ပွန်းဖြစ်သူတန်လု ရဲ့ ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခြင်းကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလက ခံခဲ့ရတာပဲဖြစ်ပါတယ်။မီးလောင်မှုကြောင့် သူမရဲ့ ခန္ဓာကိုယ်၉၀ရာခိုင်နှုန်း မီးလောင်ကျွမ်းဒဏ်ရာရရှိခဲ့ပြီး နှစ်ပတ်အကြာမှာသေဆုံးခဲ့ရတယ်လို့ သတင်းများအရ သိရှိရပါတယ်။

အာမူချူဟာ တရားခံဖြစ်တဲ့ ခင်ပွန်းဟောင်း တန်လုကို အိမ်တွင်းအကြမ်းဖက်မှု မကြာခဏပြုလုပ်ခဲ့တာကြောင့် ကွာရှင်းခဲ့တာဖြစ်တယ်လို့ တရားရုံတော်က ဆိုပါတယ်။ ၂၀၂၀ခုနှစ် ဇွန်လတွင် ကွာရှင်းမှုပြုလုပ်ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ သူမရဲ့ဖခင်နေအိမ်တွင် ရှိနေစဉ် အသတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။လက်ထပ်ပြီး တရုတ်အမျိုးသမီး ၄ဦးတွင် အနည်းဆုံး ၁ဦးဟာ အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့ရလေ့ရှိတယ်လို့ All-China Women’s Federation.ရဲ့ ၂၀၁၃ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းများအရ သိရပါတယ်။အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းနဲ့ ပတ်သတ်လို့ တက်ကြွ လှုပ်ရှားသူများကတော့ ရှေးရိုးစွဲ ယဉ်ကျေးမှုကြောင့် အိမ်တွင်းအကြမ်းဖက်ခြင်းကို မိသားစုတွင်း ကိစ္စလို့ သတ်မှတ်ကြတာကြောင့် အလွန်အကျွံဖြစ်ပြီးသွားမှသာ ရဲတွေက အလေးအနက်ထားကြလေ့ရှိတယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here