ဆန္ဒပြသူများအား ကူညီလို့ဆိုပြီး MK Brand ပိုင်ရှင်အားဖမ်းဆီး

255

MK brand ပိုင်ရှင်လေ-မြိတ်က-သူ့ Live မှာ ဗမာငွေတွေ မဲအမြဲဖောက်ပေးတာလေ– မြိတ်က G-Z တွေကိုကူညီလို့တဲ့ ဖမ်းတာတဲ့– 😡😡😡

(မြိတ်မြို့ရှိ ဆန္ဒပြသူများအား ထောက်ပံ့ကြေးပေးမည့် တရားမဝင်ငွေများနှင့်အတူ တရားခံအားဖမ်းဆီးရမိ

ထားဝယ် မတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းနိုင်ငံရေးလှုပ်ရှားမှုများ လှုံ့ဆော် သည့် Generation-Z Facebook Page တွင် တစ်ဆင့်ပြန်လည်မျှဝေခဲ့သည့် Mok Mok Aung Facebook Account ပိုင်ရှင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ သာကေတရပ် ၊ကမ်းနားလမ်းရှိ Market Garden၊ အိမ်အမှတ် L-6နေအိမ်အား မတ်လ၂၆ရက် ည ၁၀ နာရီခွဲခန့်တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ

မအိအိစိုး(ခ)မို့မို့အောင်၊ (၂၅)နှစ်၊(ဘ) ဦးမြင့် စိုး၊ ဗမာ/ဗုဒ္ဓ ၊မှတ်ပုံတင်အမှတ်၊၆/ကစန(နိုင်)၁၅၀၀၅၅နှင့်အတူ တရားမဝင်ထိုင်း ဘတ်ငွေ ၂၈၅ သိန်း ၊မြန်မာကျပ်ငွေသိန်း ၁၅၀၀ကျပ်၊စုစုပေါင်းကျပ်သိန်းပေါင်း တစ် သောင်းလေးထောင်ကျော်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိဖြစ်စဉ်နှင့် ပတ်သက်၍ အိအိစိုးအားပုဒ်မ၅၀၅-(က)ဖြင့်တရားစွဲဆိုထားပြီး တရားမဝင်ငွေကြေးကိုင်ဆောင်မှု ၊ငွေကြေးခဝါချမှုရှိ/မရှိတို့အား စစ်ဆေးလျက်ရှိ ကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြိတ်မြို့မရဲစခန်းတွင် အမှု ဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here