ဆိုင်သိမ်းပြီး အိမ်ပြန်သည့် အမျိုးသမီးကို အရပ်ဝတ်နဲ့ လူသုံးဦးကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်

254

ဆိုင်သိမ်းပြီး အိမ်ပြန်ချိန် ဖမ်းခံရသည့် အမျိုးသမီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရ

ယနေ့မနက် ၁၀နာရီခွဲ့ခန့်တွင် စီတာပူဈေးမှ ဆိုင်ပိတ်ပြီး ပြန်လာသည့်အမျိုးသမီးကို အရပ်ဝတ်နဲ့ လူသုံးဦးကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရကြောင်း အစ်မဖြစ်သူက ပြောသည်။

“ရဲအရင်ဖမ်းတာဟုတ်တယ်တဲ့ ရဲတစ်ယောက်ကအရင်တားတာပေါ့နော့်။ ဘယ်သွားမလဲလို့အရင်မေးတာ မေးတဲ့အချိန်ကျတော့ သူကဆိုင်ကနေပြန်လာတာ အိမ်ပြန်မလို့ပြောတာ အဲ့ဒါနဲ့ ပြောတဲ့အချိန်ကျတော့ အဲ့ရဲက အေးသွားလို့ ပြောတဲ့အချိန်ကျတော့ ခဏနေကျတော့ အရပ်ဝတ်နဲ့ စစ်သားလား ရဲလားတော့မသိဘူး။ သုံးယောက်တဲ့ အဲ့တစ်ယောက်ကိုလည်း တားလိုက် ဖမ်းလိုက်ဆိုပြီးမှ ပြောတယ်တဲ့။ ကျွန်မထင်သွားတာကကျတော့ သူများတွေလည်း ပြောနေတယ် မီဒီယာသမားကောင်မလေးတွေနဲ့များမှားလို့လား မသိဘူးတဲ့။ သူတို့က ဖုန်းတိုက်တယ်လေနော် အဲ့ဒါနဲ့ ဆိုင်းပန်ကို တစ်ခါထဲ သုံးယောက်လောက်လေ တစ်ခါထဲ ကုတ်ဖမ်းပြီးမှ ဆိုင်ကယ်လည်းပါသွားတယ်။ ဖုန်းတွေရော အခုအကုန်လုံး ဆိုင်ခန်းသော့တွေရော အဲ့မှာ ပါသွားတယ်”ဟု အစ်မဖြစ်သူက ပြောသည်။

မဆိုင်းပန်၏ ဖုန်းတွင် ယခုတလော ဖြစ်ပွားနေသည့် အဖြစ်အပျက်များအား ပိုစ့်များရှယ်ထားသည့်အတွက် ပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားကြောင်း အစ်မဖြစ်သူက ပြောသည်။

မြစ်ကြီးနား အမှတ်(၁)ရဲစခန်း အချုပ်တွင် ချုပ်ထားကြောင်း သိရသည်။ အဖမ်းခံရသည့် မဆိုင်းပန်သည် အသက် ၂၇နှစ် ရှိပြီး ပုဂ္ဂလိဂ ဆေးကုမ္မဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here