ဆိုင်ကယ် ၂ ယောက်စီးသူများကို ပစ်မိန့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီမှပြောကြား

198

ရန်ကုန်တိုင်းနယ်နမိတ်အတွင်းက ဆိုင်ကယ်စီးလို့ရနေတဲ့ သန်လျင်မြို့အပါအဝင် ဆိပ်ကြီးခနောင်တို လှည်းကူးနဲ့ မြို့နယ်တစ်ချို့မှာ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးသာစီးရမယ် ယောက်ျားလေး ၂ ယောက်စီးပါက နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်း အမေးမြန်းမရှိ ပစ်ခတ်မယ်လို့ သိရှိရပါသည်။

” ဆိပ်ကြီးခနောင်တိုမှာ အဓိက စက်ဘီးနဲ့ ဆိုင်ကယ်သုံးရတာ။ ကားလမ်းဆိုတာက တစ်စီးသာသာလောက်ပဲ သွားရတာလေ။ အဲ့တာကိုကန့်သတ်တယ်ဗျာ။ ကယ်ရီသမားကဆိုင်ကယ်စီးမယ့်သူလာရင် အောင်ဆင်းတွန်းရမလား။ တကယ့်အရူးတွေဗျာ” လို့ ခနောင်တိုမြို့နယ်မှာနေပြီး ပရဟိတလုပ်နေတဲ့ ကိုမင်း(နာမည်လွှဲ)က ပြောပါသည်။

ဆိုင်ကယ်အဓိကသုံးတဲ့ သန်လျင်မြို့နယ်မှာလည်း အဲ့သည်လို့ကန်သတ်တာတွေလုပ်ဖို့ ထုတ်ပြန်စာ တစောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့နေပြီး သန်လျင်မြို့သားများတည်ထောင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဆဲဆိုနေကြပြီးတော့၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ လှည်းကူး မြို့နယ်တွေမှာ ဆိုင်ကယ်ကို အဓိကထား တရားဝင်စီးနင်းနေကြပြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာလည်း ဆိုင်ကယ်ကို မဖြစ်မနေ အသုံးပြုနေကြရပါသည်။

စစ်ကောင်စီတပ်သားတွေ အသေအပျောက်္များနေတဲ့ မြို့ပေါ်တွေမှာ ဆိုင်ကယ်ကို ‌ယောက်ျားလေး ၂ ယောက်္မစီးရလို့ ပိတ်ပင်နေတာဖြစ်ပါတယ်၊ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက် တစ်နေ့တည်း သန်လျင်နဲ့ ထန်းတပင်မြို့နယ်အဝင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကို မြို့ပြပျောက်ကြားတပ်ဖွဲ့တွေ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အထိနာသွားခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here