ဆရာတော်များရဲ့သင်္ကန်းတွေကို လျှော်ဖွပ်ပေးပြီး အလိုချင်ဆုံးဆုကို တောင်းခဲ့တဲ့ ရဲလေးမ

122

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ အနုပညာလောကမှာ အခိုင်အမာ ရပ်တည်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စိတ်သဘောထား ပြည့်ဝပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သလို သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တာကြောင့် ချစ်ခင်သူတွေလည်း ပေါများနေခဲ့ပါတယ်။ကိုဗစ်ကူးစက်မှု ကာလတွေမှာလည်း စီးပွားရေးတွေ ခက်ခဲနေပေမယ့် ကြုံရင်ကြုံသလို တတ်နိုင်တဲ့အင်အားလေးနဲ့ အလှူအတန်းတွေကို ပြုလုပ်နေတာ တွေ့ရပါတယ်။

သူ့ရဲ့ အလှူလေးတွေကလည်း ချစ်တဲ့ပရိသတ်တွေအတွက် လေးစားအတုယူစရာ ဖြစ်ခဲ့ရပါတယ်။ယခုမှာလည်း ရဲလေးမကတော့ ကြည်နူးစရာ ကုသိုလ်ကောင်းမှုလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြလာခဲ့ပါတယ်။ဒါကတော့ ပခုက္ကူခရိုင် မြစ်ခြေမြို့ရှိ ရွှေပင်ပျို ပရဟိတကျောင်းကို ရောက်တုန်းလေးမှာ ဆရာတော်များရဲ့သင်္ကန်းတွေကို လျှော်ဖွပ်ပေးခဲ့ပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here