စွန့်ပစ်ခံရတဲ့ သမီးလေးရဲ့ အဖြစ်ကိုပြောပြရင်း နောက်ကိုအခုလို အလွယ်တကူမစွန့်ပစ်ဖို့ တောင်းပန်လာတဲ့ ခိုင်နှင်းဝေ

94

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိမင်းသမီးကြီးခိုင်နှင်းဝေကတော့ မနေ့က တောင်ဒဂုံဘက်မှာ လာရောက်စွန့်ပစ်သွားတဲ့ ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ခိုင်နှင်းဝေကတော့ ဒီကလေးလေး သူ့ဆီကိုရောက်လာခဲ့ချိန်မှာတော့ ကလေးကို ကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။

နိုင်ပြီး ချက်ကြွေကာစလေးနဲ့ အပူဖုတွေပေါက်ကာ သွေးအညစ်အကြေးတွေတောင် မသန့်စင်ထားရသေးပါဘူးတဲ့။ ကလေးကိုသွားရောက်ခေါ်ယူချိန်မှာတော့ ကောက်ရထားတဲ့ အိမ်းနားပတ်ဝန်းကျင်က နို့တိုက်ပြီး သနပ်ခါးတွေလိမ်းပေးထားပါတယ်တဲ့။ ကလေးများကို ယခုလို အကောင်းတိုင်းတွေ့နိုင်သလို မိုးမိ၊ခွေးဆွဲ၊ကြွက်ဆွဲကာ အသက်သေဆုံးမှုများလဲ ရှိတာမို့ အလွယ်တကူ မစွန့်ပစ်ကြဖို့ကို မေတ္တာရပ်ခံထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ မနေ့ကခိုင်နှင်းဝေသွားရောက်ခေါ်ယူခဲ့တဲ့ သမီးလေးကတော့ စွန့်ပစ်ခံရချိန်မှာ မိုးတိတ်နေတဲ့ အချိန်မို့ အသက်ရှင်ခွင့်ရတာပါတဲ့။ မိုးသာ ရွာနေရင် အအေးပတ်ပြီး အသက်သေဆုံးတဲံအထိတောင်ဖြစ်နိုင်ပါတယ်တဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here