စိတ္ခ်ရတဲ့ အေျခအေနမွ ေရြးေကာက္ပဲြလုပ္ေပးမည္ဟု မအလ ေျပာ

108

စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ျမန္မာႏုိင္ငံမွာ စိတ္ခ်ရတဲ့ အေျခအေနေရာက္မွ ေရြေးကာက္ပြဲလုပ္မယ္လို႔ တ႐ုတ္သတင္းဌာန Phoenix TV ကို ေျပာဆိုခဲ့ပါတယ္။

“က်ေနာ္တို႔ကေတာ့ တပ္မေတာ္က လက္ခံထားတာကေတာ့ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ ဖက္ဒရယ္ကို အေျခခံတဲ့ ျပည္ေထာင္စုကို သြားဖို႔ပါပဲ။ ဒီစနစ္ကို သြားႏုိင္ဖို႔အတြက္ စိတ္ခ်ရတဲ့ အေျခအေန ရွိတယ္ဆိုရင္ က်ေနာ္တို႔ လုပ္မွာပါပဲ။ တကယ္လို႔ တႏွစ္အတြင္းမွာ ရသြားရင္လည္း တႏွစ္အတြင္းမွာေပါ့ေလ။ ေနာက္ထပ္ ၆ လတိုးၿပီး ၆ လအတြင္းမွာ ရရင္လည္း ရေပါ့ေလ။”

ရွားရွားပါးပါး ေတြ႔ရတဲ့ ၾကာသပေတးေန႔က အြန္လိုိင္း ေတြ႔ဆုံေမးျမန္းခန္းမွာ Phoenix ႐ုပ္သံသတင္းဌာနက တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ကေန ေမးျမန္းၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ျမန္မာႏုိင္ငံကေန ေျဖၾကားခ့ဲတာ ျဖစ္ပါတယ္။

စစ္ေကာင္စီတပ္ေတြရဲ႕ လက္ခ်က္ေၾကာင့္ ဆႏၵျပျပည္သူေတြ ေသဆုံးသူ ၇၀၀ ေက်ာ္ရိွတယ္ဆိုတာ သတင္းဌာနတခ်ိဳ႕က ခ်ဲ႕ကားေျပာတာျဖစ္တယ္လို႔ စြပ္စြဲၿပီး အမွန္တကယ္ ေသဆုံးသူက ၃၀၀ ေလာက္ပဲ ရွိတယ္လိုို႔လည္း ျမန္မာစစ္ေခါင္းေဆာင္က ေျပာဆိုသြားပါတယ္။ ရဲတပ္ဖြဲ႔ဝင္ ၄၇ ဦး ေသဆုံးၿပီး ၂၀၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔လည္း ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိ္မ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ရဲ႕ လက္ခ်က္ေၾကာင့္ ေသဆုံးသူ ၈၀၀ ေက်ာ္ရွိေၾကာင္း အရပ္ဘက္အဖြဲ႔တခ်ိဳ႕က စာရင္းေကာက္ယူ ထုတ္ျပန္ထားတာပါ။

ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း မၾကာခင္ရက္ပုိင္းအတြင္း ႐ုံးထုတ္တဲ့အခါ တရား႐ုံံးမွာ လူကို္ယ္တုိင္ လာေရာက္ၾကားနာလိမ့္မယ္လို႔လည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ က်န္းက်န္းမာမာနဲ႔ သူ႔ေနအိမ္မွာ ရွိေနတဲ့အျပင္ တရားခြင္မွာ တရားမွ်မွ်တတ စစ္ေဆးခံရမွာပါလို႔လည္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ေျပာခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈ ၇ မႈနဲ႔ တရားစဲြဆိုထားတာျဖစ္ၿပီး ခုအခ်ိန္အထိ အြန္လိုင္းကေန ႐ုံးထုတ္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြအတြင္း မဲမသမာမႈေတြေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကိုလည္း ဖ်က္သိမ္းသင့္မသင့္ စဥ္းစားမွာျဖစ္တယ္လို႔လည္း စစ္ေကာင္စီက အသစ္ခန္႔အပ္တဲ့ ေရြးေကာက္ပဲြေကာ္မရွင္ ဥကၠ႒က ေျပာထားပါတယ္။

လြတ္လပ္တဲ့ ေရြးေကာက္ပဲြ ေလ့လာေစာင့္ၾကည့္တဲ့ အဖဲြ႔ေတြကေတာ့ ၿပီးခဲ့တဲ့ေရြးေကာက္ပဲြအတြင္း မဲရလဒ္ ေျပာင္းသြားရေလာက္ေအာင္ မဲမသမာမႈေတြ မရွိခဲ့ဘူးလို႔ ထုတ္ျပန္ထားၾကပါတယ္။

Unicode

စိတ်ချရတဲ့ အခြေအနေမှာ ရွေးကောက်ပွဲလုပ်ပေးမည် – ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ စိတ်ချရတဲ့ အခြေအနေရောက်မှ ရွေေးကာက်ပွဲလုပ်မယ်လို့ တရုတ်သတင်းဌာန Phoenix TV ကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ကတော့ တပ်မတော်က လက်ခံထားတာကတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့ပါပဲ။ ဒီစနစ်ကို သွားနိုင်ဖို့အတွက် စိတ်ချရတဲ့ အခြေအနေ ရှိတယ်ဆိုရင် ကျနော်တို့ လုပ်မှာပါပဲ။ တကယ်လို့ တနှစ်အတွင်းမှာ ရသွားရင်လည်း တနှစ်အတွင်းမှာပေါ့လေ။ နောက်ထပ် ၆ လတိုးပြီး ၆ လအတွင်းမှာ ရရင်လည်း ရပေါ့လေ။”

ရှားရှားပါးပါး တွေ့ရတဲ့ ကြာသပတေးနေ့က အွန်လိုင်း တွေ့ဆုံမေးမြန်းခန်းမှာ Phoenix ရုပ်သံသတင်းဌာနက တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ မေးမြန်းပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကနေ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ဆန္ဒပြပြည်သူတွေ သေဆုံးသူ ၇၀၀ ကျော်ရှိတယ်ဆိုတာ သတင်းဌာနတချို့က ချဲ့ကားပြောတာဖြစ်တယ်လို့ စွပ်စွဲပြီး အမှန်တကယ် သေဆုံးသူက ၃၀၀ လောက်ပဲ ရှိတယ်လို့လည်း မြန်မာစစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိကြောင်း အရပ်ဘက်အဖွဲ့တချို့က စာရင်းကောက်ယူ ထုတ်ပြန်ထားတာပါ။

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ရုံးထုတ်တဲ့အခါ တရားရုံံးမှာ လူကိုယ်တိုင် လာရောက်ကြားနာလိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာနဲ့ သူ့နေအိမ်မှာ ရှိနေတဲ့အပြင် တရားခွင်မှာ တရားမျှမျှတတ စစ်ဆေးခံရမှာပါလို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၇ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ခုအချိန်အထိ အွန်လိုင်းကနေ ရုံးထုတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖျက်သိမ်းသင့်မသင့် စဉ်းစားမှာဖြစ်တယ်လို့လည်း စစ်ကောင်စီက အသစ်ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောထားပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲရလဒ် ပြောင်းသွားရလောက်အောင် မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here