စားသောက်ကုန်များကို အလျှံပယ် ဝေငှကာ အခြေခံ လူတန်းများရဲ့ စားဝတ်နေရေး အခက်အခဲကို ခဏတာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ ဝေဠုကျော်

105

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် အမြဲဖေးမကူညီတတ်တာကတော့ ဝေဠုကျော်ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေကာ လှူဒါန်းမှုတွေကိုလည်း နေ့တိုင်းလိုလိုဆက်တိုက်ပြုလုပ်နေတာလည်း တွေ့ရပါတယ် ။

လိုအပ်နေသူတွေအတွက် ဖေးမကူညီတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ အခုလည်း သာကေတမြို့နယ်ရှိ အိမ်ထောင်စုများနဲ့ အခြားရပ်ကွက်ကနေ အလှူလာခံကြတဲ့ သက်ကြီး ရွယ်အိုအဖိုးအဖွားများ ကို စားသောက်ကုန်များ အလျှံပယ် လှူဒါန်းခဲ့တာကို တွေ့ရပါတယ် ။

ဒီလို သွားရောက် လှူဒါန်းဖြစ်ခဲ့ကြောင်းကိုလည်း ” အိမ်ထောင်စု ၁၈၅ စု သို့ ပုဇွန်ကျော့ ၄၀သါးခန့် ဆန် ၂ပြည် ဆီ ၃၀သါး ကြက်သွန်နီ ၁ပိဿာ တို့ကို သွားရောက် ကူညီထောက်ပံ့ ပေးခဲ့ပါသည်။ရေထရက်ဆိုတော့ ပုဇွန်တွေအတက်များလို့ ပုဇွန် လှူပေး ဖြစ်ပါတယ်။ ဒီနေ့တော့ တစ်ရပ်ကွက်လုံး နဲ့အတူ ကျနော်တို့ အဖွဲ့လည်း ပုဇွန်ဟင်း ၊ပုဇွန်ချဉ်ဇွန်ကြော်၊ပုဇွန်အစိမ်းသုပ် တစ်ယောက်တစ်မျိုး စားချင်တာ အကုန် စီစဉ်ဖို့ ခါးအညောင်း ပုဇွန်ခြွေ ကြရတာ ပါပဲဗျာ” ရေးသားထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here