စစ်ရှောင် (၇၀၀)ကျော်အတွက် အစားအသောက်၊ ဆေးဝါးနဲ့ စောင်၊ အနွေးထည်တွေ လိုအပ်နေ

101

ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲက RCSS နဲ့ တပ်ပေါင်းစု SSPP, TNLA တို့ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် (၇၀၀)ကျော်ဟာ အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေပါတယ်။အသက်ကြီးသူတွေ ညပိုင်းမှာ အိပ်မပျော်တာအပြင် သွေးတိုးတက်တာ၊ အားနည်းတာတွေ ဖြစ်နေကြပြီး ဆောင်းတွင်း ကူးပြောင်းလာတော့မှာဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေပါတယ်။

မန်ခါရွာ စစ်ရှောင်စခန်းမှ တာဝန်ရှိသူ နန်းမွှေဖောင်က “အခုက အစားအသောက်တွေ အရမ်းခက်ခဲပါတယ်။ အခုနောက်ပိုင်း အလှူရှင်တွေလည်း မရှိတော့ စားဖို့ဟင်းတွေလည်း မရှိဘူး။ နေ့တိုင်း ရှိထားတဲ့ အသားတုနဲ့ပဲ စားကြရတယ်။ ဒီမှာက ဖျားတဲ့သူတွေလည်း ရှိတယ်။ ဆေးဝါးတွေ လိုအပ်နေတယ်။ ဆောင်းတွင်း ရောက်ပြီဆိုတော့ စောင်တွေလည်း လိုအပ်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။နေရပ်စွန့်ခွာပြီး ထွက်ပြေးလာကြသူတွေဟာ ကြူရှော(မြောက်)ရွာ၊ မိုင်းတင်း၊ နမ့်ဆော့၊ မန်ခါ၊ မိုင်းငေါ့၊ နားမွန်၊ ပြိန်ခါးနဲ့ မြို့ပေါ်တွေမှာ အသီးသီး ခိုလှုံနေကြပါတယ်။

စစ်ရှောင်အချို့ နေရပ် ပြန်နိုင်ကြပေမယ့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာကြောင့် အများစုက နေရပ် မပြန်နိုင်ကြသေးပါဘူး။မန်ခါ စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံတဲ့ မောက်ငါးဆန့်ရွာခံ စစ်ရှောင် နန်းမိုခမ်းက “ဒီမှာ အဓိက လိုအပ်တာက ဟင်းတွေပါ။ ကျွန်မတို့က အခြားရွာဘက်တွေမှာ ဟင်းတွေ သွားရှာတာရှိတယ်။ အလှူရှင်တွေလည်း မရှိတော့လို့လေ။ ဒီမှာက အခြေအနေလည်းမကောင်းတော့ဘူး။ တိုက်ပွဲသံတွေ ကြားရတယ်။ ကျွန်မတို့နေတဲ့နေရာနဲ့ အရမ်းနီလာတယ်။ နားမွန်းနဲ့ ပြိန်းခါးလည်း ပြေးနေရတယ်။ အဲမှာ တိုက်ပွဲတွေဖြစ်နေတယ်” လို့ ပြောပါတယ်။

ပန်ကွမ်၊ လွယ်ကုန်၊ မောက်ငါးစန့်၊ နောင်ရှင်၊ ဟူးကွတ်၊ ပါခါး၊ ပန်တောင်း၊ ချုံသစ်နဲ့ ဟင်းဝိုး စတဲ့ကျေးရွာခံတွေဟာ ဩဂုတ်လကတည်းက တိမ်းရှောင်နေကြရတာပဲ ဖြစ်ပါတယ်။ကျောက်မဲမြို့နယ်ထဲမှာ လက်ရှိအချိန်ထိ TNLA, SSPP တပ်ပေါင်းစုနဲ့ RCSS တို့အကြား စစ်ရေး တင်းမာနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here