စစ်ဘေးရှောင်များကို ဆေးကုသပေးနေသည့် ဆရာဝန် အပါအဝင် ၃ဦး ကို စစ်ကောင်စီတပ် ဖမ်းဆီး

103

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်များကို နယ်လှည့်ဆေးကုသမှုပေးနေသည့် ကချင်လူမျိုး ဆရာဝန် ဒေါက်တာဇော်ထွယ်အောင်အပါအဝင် သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီးသွားကြောင်း ၎င်း၏မိတ်ဆွေများက ပြောသည်။

မုံရွာမြို့ ၊ ချမ်းမြဝတီရပ် တွင် ဖွင့်လှစ်ထားသည့် ဒေါက်တာဇော်ထွယ်အောင်၏ မနောဥယျာဉ် ကချင်ရိုးရာ စားသောက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကဝင်ရောက်ကာ ဒေါက်တာဇော်ထွယ်အောင်နှင့် ဆိုင်ဝန်ထမ်းနှစ်ဦးကို ဖမ်းသွားခြင်းဖြစ်သည်။“အိမ်ကိုခဏပြန်လာတုန်း နေ့လည်ပိုင်းလောက်က အဖမ်းခံလိုက်ရတာ။

ဆိုင်မှာလုပ်ကိုင်ပေးနေတဲ့ ကောင်လေး နှစ်ယောက်လည်း ပါသွားတယ် ”ဟု ဒေါက်တာဇော်ထွယ်အောင်၏ မိသားစုနှင့် ရင်းနှီးသူက ဆိုသည်။ဒေါက်တာ ဇော်ထွယ်အောင်သည် Chindwin Medical Networkတွင် နယ်လှည့်ဆေးကုသမှုပေးနေရာက လက်ရှိတွင် ယင်းမာပင် ၊ ကနီမြို့နယ်ရှိ စစ်ဘေးရှောင်များကို ဆေးကုသခြင်းများ လုပ်ဆောင်ပေးနေသူ ဖြစ်သည်။လက်ရှိအချိန်တွင် ဒေါက်တာ ဇော်ထွယ်အောင်ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မိသားစုဝင်များအနေဖြင့် မသိရှိရသေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here